အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

မေးလေ့မေးထရှိသော မေးခွန်းများ

ကျွန်ုပ်တို့သည် နယ်စဉ်းမခြား လုပ်အားပေးသူများဖြင့် အဓိကဖွဲ့စည်းထားသော အသိုင်းအဝန်းဖြစ်ပြီး သင် သာမာန်တွင် မတွေ့နိုင်သည့် ကမ္ဘာအရပ်ရပ်ရှိ အင်တာနက်၊ ဘလော့(ခ်)၊ အမှီအခိုကင်း သတင်းနယ်ပယ်၊ နှင့် လူမှုမီဒီယာမှ ရေးပန်းစားနေသော သတင်း နှင့် ပုံပြင်များကို ရှာဖွေကာ ဘာသာပြန်ဆို၍ တင်ပြပေးနေပါသည်။

ကျွန်ုပ်တို့ အကြောင်းပို၍ သိလိုပါသလား။ အောက်တွင်ဖော်ပြထားသော မေးလေ့မေးထရှိသော မေးခွန်းများတွင် သင်သိလိုသော အဖြေရှိမရှိ ရှာကြည့်ပါ။

Q: Global Voicesမှ ပါဝင်နေတဲ့ လူတွေက ဘယ်သူတွေ ပါလဲ။
ကျွန်ုပ်တို့ဟာ ကိုယ်အကျွမ်းဝင်တဲ့ နယ်ပယ်မှ ပြည်သူ သတင်းတွေကို Global Voicesမှာ သင့်အတွက် ရေးသားတင်ဆက်နေတဲ့ အချိန် မဟုတ်ဘူးဆိုရင် ကျွန်ုပ်တို့ဟာ ကိုယ့်ဘ၀ အသီးသီးမှာ သတင်းသမားများ၊ နိုင်ငံရေးသမားများ၊ စာပေ အတတ်ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အခွင့်အရေး တက်ကြွလုပ်ရှားသူများ အဖြစ် အလုပ်ရှုပ်နေကြပါတယ်။

Q: ကျွန်ုပ်ကော Global Voices မှာ စာရေးသူ ဒါမှမဟုတ် ဘာသာပြန်သူအဖြစ် လုပ်လို့ရပါမလား။
သင် မြန်မာနိုင်ငံအကြောင်းကို  ဆိုရှယ်မီဒီယာ၊ ဘလော့(ခ) နှင့် အမှီခိုကင်းမီဒီယာရှိ ပြည်သူတွေပြောတဲ့ သတင်း စကားများနှင့် ပက်သက်၍ အမြဲသုံးသပ်လေ့လာနေတဲ့ သူတစ်ယောက် ဖြစ်ပါသလား။ ဟုတ်တယ်ဆိုရင် ကျွန်ုပ်တို့၏ လုပ်အားပေးအဖွဲ့ဝင် တစ်ဦးဖြစ်ဖို့ ဤလျှောက်လွှာပုံစံလေးကို ဖြည့်ပြီးပို့လိုက်ပါ။

ဒါ့အပြင် ကျွန်ုပ်တို့ရဲ့ သတင်းပုံပြင်တွေကို မြန်မာဘာသာအပါအဝင် ဘာသာပေါင်း ၃၅ ဘာသာကျော်သို့ ပြန်ဆိုပြီး လူအများ ဖတ်ရှုနိုင်အောင်ပြုလုပ်နေပါတယ်။ သင်သည် မြန်မာဘာသာ စကားပြောသူဖြစ်ပြီး အင်္ဂလိပ်ဘာသာ နှင့် အခြားဘာသာစကားများ ကျွမ်းကျင်ပါက ကျွန်ုပ်တို့၏ ဘာသာပြန်အဖွဲ့သို့ ပူးပေါင်းဖို့ ဤလျှောက်လွှာပုံစံကို ဖြည့်ပေးပါ။ မြန်မာဘာသာ အယ်ဒီတာက သင့်ကို ဆက်သွယ်လာပါလိမ့်မယ်။

Q: ရုံးခန်းမရှိဘူးဆိုရင် ဘယ်လို အလုပ်လုပ်ကြသလဲ။
ကျွန်ုပ်တို့မှာ ရုံးခန်းမရှိပါဘူး၊ ဒါပေမဲ့ ကမ္ဘာ့ တစ်ဝန်းမှ ဒေသစံတော်ချိန်အမျိုးမျိုးမှာ ရောက်ရာနေရာမှ ထိုင်ကာရေးသားနေကြသူများ ဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်ဖြစ်ဖြစ်၊ စာကြည့်တိုက်ဖြစ်ဖြစ် အဆင်ပြေတဲ့နေရာမှာ အလုပ်လုပ်ပြီး ရေးသားထားတာပါ။

၂ နှစ် တစ်ကြိမ်လောက် ကျင်းပဖြစ်တဲ့ ထိပ်သီးညီလာခံတွေမှာဆိုရင်တော့ အချင်းချင်း အပြင်မှာ တွေ့ဖြစ်ကြဖို့ ကျွန်ုပ်တို့ တော်တော်များများဟာ ကျိုးပမ်းပြီးတော့ အားအောင်လုပ်ပြီး ကမ္ဘာအရပ်ရပ်မှနေ လာဖြစ်အောင်လာပြီး နိုင်ငံ တစ်ခုခုမှာ ဆုံလေ့ရှိကြပါတယ်။

Q: Global Voices လုပ်ငန်းလည်ပတ်ဖို့ ဘယ်က ပိုက်ဆံရလဲ၊ အစိုးရက ထောက်ပံ့ပေးတာလား။
Global Voicesကို နယ်သာလန် နိုင်ငံရှိ Stichting Global Voicesဆိုတဲ့ အကျိုးအမြတ်မကြည့်တဲ့ ဖော်ဒေးရှင်းတစ်ခုမှာ ပေါင်းစပ်ထားပါတယ်။ ကျွန်ုပ်တို့သည် အစိုးများထံမှ ငွေကြေးထောက်ပံ့မှု မယူပါ။ သီးခြား ရပ်တည်နေသော ဂရန့်များ၊ စပွန်ဆာများ၊ တည်ဖြတ်အဖွဲ့၏ ကော်မရှင်ကြေးများ နှင့် စေတနာရှင် စာဖတ်သူများ၏ အလှုငွေများဖြင့်သာ ကုန်ကျစရိတ်များကို အသုံးပြုပါတယ်။ အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့၏ နှစ်စဉ် အစီရင်ခံစာများကို ဖတ်ရှုကြည့်ပါ။

Q: Global Voices ဘယ်တုန်းက ဘယ်လို စခဲ့တာလဲ။
Global Voices ကို ၂၀၀၅ ခုနှစ်မှာ 2005 CNN ဘေဂျင်း နှင့် တိုကျို သတင်းဌာန အကြီးအကဲဟောင်း Rebecca MacKinnon နှင့် နည်းပညာရှင်၊ အာဖရိက အထူးပြုသူ Ethan Zuckerman တို့က ဟားဗတ် တက္ကသိုလ်၏ Berkman Center for Internet and Society ဌာန အုပ်ချုပ်ရေး အဖွဲ့ဝင်ဖြစ်တုန်းက စတင် ထူထောင်ခဲ့ပါတယ်။

အစပိုင်းမှာတော့ Global Voicesဟာ အင်တာနက်တွင် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ခံယူချက် အတွက် ကြိုးပမ်းနေသော ဘလော့(ခ)တစ်ခု အဖြစ်နှင့် စတင်ခဲ့ပြီး Berkman Center အပြင် Reuters နှင့် the MacArthur Foundation တို့၏ ထောက်ပံမှုနှင့်အတူ ပူးပေါင်းဝင်သူများ၏ ရေးသားမှုကြောင့် ယနေ့အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

Q: သတင်းတစ်ပုဒ်အတွက် ကျွန်ုပ်မှာ အတွေးတစ်ခုရှိတယ်၊ အယ်ဒီတာကို ဘယ်လို ဆက်သွယ်ရမလဲ။
ကျွန်ုပ်တို့၏ ဒေသအလိုက် တည်းဖြတ်များနှင့် ဘာသာအလိုက်တည်းဖြတ် အယ်ဒီတာတို့က သတင်း ပုံပြင်များအတွက် စိတ်ကူးများနှင့် အကြံပေးချက်းများအား အမြဲ ကြိုဆိုလျက်ရှိပါတယ်။  ကျွန်ုပ်တို့ ဦးစားပေးသော သတင်းများမှာ နိုင်ငံတကာ သတင်းဌာနများမှ ပုံမှန်တွင် ဖော်ပြလေ့မရှိသော ဒေသနှင့် နိုင်ငံများ၏ အကြောင်းအရာများ သို့မဟုတ် ကမ္ဘာအရပ်ရပ်မှ ဘေးဖယ်ခံနေရသော အသိုင်းအဝန်းမှ လူထု၏ အသံများဖြစ်ပါတယ်။ အယ်ဒီတာဆီသို့ ရေးသားလိုပါက ဆက်သွယ်ရန်ပုံစံတွင် သက်ဆိုင်ရာ ဒေသကို ရွေးချယ်ပြီး အီမေးလ် ပေးပို့လိုက်ပါ။

Q: သင်တို့ ဆောင်းပါးတွေကို ယူသုံးချင်ပါတယ်။ သင်တို့ ရေးသားထားတာတွေက မူပိုင်ခွင့်ရှိလား။
ကျွန်ုပ်တို့၏ စာများနှင့် အကြောင်းအရာများကို ဖြန့်ဝေနိုင်သမျှ ဖြန့်ဝေစေဖို့ Creative Commons Attributionတွင် မှတ်ပုံတင်ထားပါတယ်။ ကျွန်ုပ်တို့အား အသိမှတ်ပြုခြင်း နှင့် မူရင်း စာဆောင်သို့ ပြန်လည်ချိတ်ဆက်ပေးခြင်းတို့ကို ပြုလုပ်ကာ မူပိုင်ခွင့် မူဝါဒများကို လိုက်နာပါက ကျွန်ုပ်တို့၏ ဆောင်းပါးများကို ပြန်လည်ထုတ်ဝေခြင်းကို ခွင့်ပြုပါတယ်။ သေးစိတ် ဤနေရာတွင် လေ့လာပါ။

Q: သင်တို့ ရေးထားတဲ့ အကြောင်းတွေကို ဘယ်လိုယုံနိုင်မလဲ။
ကျွန်ုပ်တို့၏ ရေးသားသူများသည် ၎င်းတို့ နယ်ပယ်အသီသီးမှ အကြောင်းအရာများနှင့် ရင်းနှီးအကျွမ်းတဝင်ရှိသူများဖြစ်ကြပြီး Global Voicesပေါ်တွင်ရေးသမျှ သတင်းဆောင်းပါးတိုင်းကို ကျွန်ုပ်တို့၏ ဝါရင့် တည်းဖြတ်အဖွဲ့မှ အဖွဲဝင်များမှ စိစစ်ပြီးမှသာ ထုတ်ဝေပါတယ်။  Society of Professional Journalists မှ ချမှတ်ထားသသော စာနယ်ဇင်းကျင့်ဝတ်အပေါ်မှာ အခြေပြုကာ သီကုံးထားသော တည်းဖြတ်နည်း ကျင့်ဝတ်ကို အတိအကျ လိုက်နာကြပါတယ်။