အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

မက္က​စီ​ကို: ငြိမ်း​ချမ်း​ရေး​အတွက် ပန်းထိုး​ခြင်း

ဤအပုဒ်သည်  မက္ကစီကို မူးယစ်ဆေးဝါးစစ်ပွဲအကြောင်း အထူးရေးသားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

အပ်ချည်များ၊ အပ်များနှင့် ပိတ်ထည်များသည် မက္ကစီကိုတွင် ငြိမ်းချမ်းရေး သူရဲကောင်းများ ဖြစ်လာကြသည်။ မွန်တယ်ရီ၊ ဂွါဒလာဂျာရာနှင့် မက္ကစီကိုမြို့တော်တို့ကဲ့သို့ မြို့များတွင် အသက်အရွယ်မရွေး အမျိုသား၊ အမျိုးသမီးများသည် စုပေါင်းပန်းထိုးခြင်းတွင် ပါဝင်ခြင်းဖြင့် အကြမ်းဖက်မှုနှင့် ပတ်သက်သော ၄င်းတို့၏ အတွေ့ကြုံနှင့် အမြင်များကို မျှဝေရန် ဆုံးဖြတ်ခဲ့ကြသည်။

လီ⁠လီယာနာ ဆန်းချက်က မက္ကစီကိုစီးတီးတွင် ဘိုဟီးမီးယန်း အနုပညာဆန်သော အနီးတဝိုက် လမ်းလျှောက်ရင်း ထိုလှုပ်ရှားမှုကို တွေ့ခဲ့ခြင်းဖြစ်သည်ဟု သူ့ဘလော့(ဂ်)ဖြစ်သော Yo también quiero opinar [es]တွင် ဖော်ပြထားသည်။

Esta vez, el proyecto que llamó mi atención lo encontré caminando por Coyoacán. Unas personas bordaban unos pañuelos, y aunque en principio pensé que eran las típicas manualidades para abuelitas, después me percaté de lo que decían los bordados. “Bordar por la paz. Un pañuelo una víctima” es el lema del colectivo “Fuentes Rojas”, quienes proponen bordar pañuelos con los nombres o descripciones de cada uno de los cincuenta mil muertos de la guerra contra el narco.

ဒီတစ်ကြိမ်မှာတော့ ကိုယိုကန်နားကို ဖြတ်လျှောက်ရင်းနဲ့ ဒီလှုပ်ရှားမှုက ကျွန်မမျက်လုံးတွေကို ဖမ်းစားခဲ့တယ်။ တချို့လူတွေက လက်ကိုင်ပဝါတွေကို ပန်းထိုးနေကြတာ၊ စ⁠စချင်းတော့ သူတို့တွေက ထုံးစံအတိုင်း အဖွားလုပ်သူတွေအတွက် ထိုးပေးနေတာလို့ပဲ ထင်ခဲ့တာပေမဲ့ သူတို့တွေ ပန်းထိုးတာကတစ်ဆင့် ဘာကိုပြောဖို့လုပ်နေကြတာလဲဆိုတာ သိခဲ့ရပါတယ်။ “ငြိမ်းချမ်းရေးအတွက် ပန်းထိုးခြင်း၊ ခံရသူတစ်ယောက်၊ လက်ကိုင်ပဝါတစ်ထည်” ဆိုတာ “အနီရောင်ရေပန်းများ” အုပ်စုရဲ့ လက်ကိုင်ဆောင်ပုဒ်ပါပဲ။ မူးယစ်ဆန့်ကျင်ရေးစစ်ပွဲမှာ သေဆုံးခဲ့တဲ့ သန်းငါးဆယ်သောလူတိုင်းအတွက် နာမည် ဒါမှမဟုတ် ဖော်ပြချက်တစ်ခု⁠ခုကို လက်ကိုင်ပဝါနဲ့ ပန်းထိုးမယ်ဆိုပြီး အဆိုပြုခဲ့တဲ့ အုပ်စုပေါ့။
Photo by Carlos Ortega, used with permission.  Click image to see more photos.

ကားလို့(စ်) အော်တယ်ဂ၏ ဓာတ်ပုံ၊ ခွင့်ပြုချက်ဖြင့် သုံးထားသည်။ အခြားပုံများကြည့်ရန် ဤပုံကိုနှိပ်ပါ။

သူက ဤလှု့ပ်ရှားမှု၏ အဓိကရည်ရွယ်ချက်[es] ကိုလည်း ရှင်းပြခဲ့သည်၊

El objetivo del proyecto es, en sus propias palabras, “bordar esperanza y memoria”. Una vez logrado un número considerable de bordados, se mostrarán en las plazas públicas del país.

ဒီလှုပ်ရှားမှုက သူတို့ကိုယ်ပိုင်စကားလုံးနဲ့ဆိုရင်တော့ မျှော်လင့်ချက်တွေနဲ့ အမှတ်ရစရာတွေကို ပန်းထိုးဖို့ဆိုပြီးပဲ ဖြစ်ပါတယ်။ ပန်းထိုးထားတဲ့ လက်ကိုင်ပဝါတွေ သင့်တော်တဲ့ အထည်အရေအတွက် ရပြီဆိုရင် တစ်နိုင်ငံလုံးက အများပြည်သူပိုင် ရင်ပြင်တွေမှာ ချိတ်ဆွဲပြကြမှာပါ။

ဤစာတစ်ပုဒ်ထဲတွင်ပင် လီ⁠လီယာနာက ပါဝင်သောသူများအတွက် ထိုလှုပ်ရှားမှုက မည်မျှထိရောက်သည်ကို[es] ရေးသားဖော်ပြခဲ့သည်၊

Manifestaciones culturales (o no) en las que la gente se encuentra cara a cara con otras personas que cargan el mismo desazón, la misma incertidumbre. El gritar al unísono, el reir o llorar, sin pena y sin freno porque el de al lado es capaz de comprender, se convierte en algo terapéutico y muy necesario.

လူ့ယဉ်ကျေးမှုဆိုင်ရာ သရုပ်ပြတာပဲ ဖြစ်ဖြစ် (မဖြစ်ဖြစ်) လူတွေက တူညီတဲ့ မသက်သာမှု၊ တူညီတဲ့ မသေချာမရေရာမှုတွေရှိနေတဲ့ တခြားလူတွေနဲ့ မျက်နှာချင်းဆိုင်နေကြတာပါ။ ဘေးနားမှာ ရှိနေပေးတဲ့လူတွေက နားလည်ပေးနိုင်လို့ အရှက်အကြောက်တွေမေ့ထားပြီး ကန့်ကွက်တာတွေမရှိဘဲ ညီညီညွတ်ညွတ် အော်ဟစ်တာ၊ ရယ်မောတာ ဒါမှမဟုတ် ကြေကွဲတာတွေက တကယ့်ကိုလိုအပ်တဲ့ ကုသမှုတစ်ခု ဖြစ်လာပါတယ်။

အခြားဘလော့(ဂ်)တစ်ခုဖြစ်သော + Allá de la Marcha [es]တွင် မာတင်ဂျေဗီယာ အိုဗီအယ်ဒို ဟာနက်ဒက်(ဇ်)က မွန်တာရေးမြို့တော်၏ မြောက်ပိုင်းတွင် မေတ္တာ၊ အမှန်တရားနှင့် တရားမျှတမှုအတွက် တိုက်ခိုက်ခြင်းဟုခေါ်သော လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဇာတ်လမ်းတစ်ပိုင်းကို ပြောပြထားသည်။

Un cálido día de Mayo, llama la atención un grupo de mujeres bordando, sentadas, platicando entre ellas, los curiosos se acercan: tres jóvenes  de Barcelona, Aram, Gabriel y Guillermo.

-¿Que hacen?-,  preguntan  a las damas.

- Bordamos por la paz-, contestan en coro.

-¿Entonces es cierto que están en guerra?…  -

- No solo en guerra, nos han arrebatado a nuestros hijos…-

Ellas son madres, hermanas y parientes de personas desaparecidas, organizadas en el Colectivo LUPA (Lucha por Amor, Verdad y Justicia, Nuevo León), se reúnen cada jueves,  a las 10 de la mañana, en el kiosco Lucila Sabella, en la Macroplaza de Monterrey.

မေလ၏နွေးထွေးသောနေ့တစ်နေ့မှာ၊ သိုးမွေးထိုးရင်း ထိုင်ရင်း စကားပြောရင်းနေ⁠နေတဲ့ မိန်းမသုံးယောက်အုပ်စုက ဘာစီလိုနာကလာတဲ့ အေရမ်၊ ဂယ်ဘရီယယ်(လ်) နဲ့ ဝီလယမ်လို့ခေါ်တဲ့ လမ်းဖြတ်သွားတဲ့ ယောက်ျားပျိုသုံးယောက်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

ဘာလုပ်နေကြတာလဲ ၊ သူတို့က အမျိုးသမီးတွေကို မေးတာပါ။

ငြိမ်းချမ်းရေးအတွက် ပန်းထိုးနေကြတာလေ၊ အမျိုးသမီးသုံးယောက်က သံပြိုင်ဖြေပါတယ်။

ဒါဆို မင်းတို့တွေက တကယ်ပဲ စစ်ပွဲကာလထဲ ရောက်နေတာပေါ့။

စစ်ပွဲထဲရောက်နေရုံတင် မကပါဘူး၊ ကျွန်မတို့ကလေးတွေကိုလည်း ခေါ်သွားကြတယ်။

သူတို့တွေက ပျောက်ဆုံးသွားတဲ့ လူတွေရဲ့ အမေတွေ၊ ညီမ၊အစ်မတွေနဲ့ ဆွေမျိုးတွေပါ။ LUPA လိုခေါ်တဲ့ မေတ္တာ၊ အမှန်တရားနဲ့ တရားမျှတမှုအတွက် တိုက်ခိုက်တောင်းဆိုတဲ့ စုစည်းမှုဖြစ်လာအောင် တူ⁠တူလုပ်ကြတဲ့သူတွေပေါ့။ မွန်တေရီက မာခရိုပလာဇာမှာရှိတဲ့ လူစီလာ စဘယ်လား ဆိုင်သေးလေးမှာ ကြာသပတေးနေ့တိုင်း မနက်ဆယ်နာရီမှာ တွေ့ဆုံကြပါတယ်။

မာတင်သည် မွန်တေရီ အဓိကရင်ပြင်တွင် ပန်းထိုးနေသော မိန်းမပျိုနှစ်ဦး စကားပြောနေပုံ[es]နှင့် ၄င်း၏ စာကို အဆုံးသတ်ထားသည်။ သူတို့၏ စကားပြောခန်းသည် လှုပ်ရှားမှုတွင်ပါဝင်ရန် ဖိတ်ခေါ်မှုမှအစ မြို့ထဲတွင် လက်ရှိအကြမ်းဖက်မှု အခြေအနေနှင့် ပတ်သက်သည့် ပြစ်တင်ဝေဖန်မှုများအဆုံး အကြောင်းအရာအားလုံးကို ထည့်သွင်းပြောကြားသွားသည်။

Photo by Carlos Ortega, used with permission. Click image to see more photos.

ကားလို့(စ်) အော်တယ်ဂ၏ ဓာတ်ပုံ၊ ခွင့်ပြုချက်ဖြင့် သုံးထားသည်။ အခြားပုံများကြည့်ရန် ဤပုံကိုနှိပ်ပါ။

-Se contactaron con nosotros, nos citaron en una Iglesia, pagamos el rescate, después de dos llamadas, perdimos el contacto-, concluye.

-No hay avance en la investigación, como en la mayoría de los casos, no se puede confiar en la autoridad- coinciden todas.

-También los hombres bordan- comentan ellas, invitando a los tres jóvenes, que escuchan con atención:

-El olvido es muerte…-

-Este bordado va en rojo, es en memoria de Don Alejo Garza Tamez, quién perdió la vida en esta guerra, enfrentando con dignidad a los sicarios que pretendían despojarlo de su propiedad…

Aram, Gabriel y Guillermo toman los bordados, “hilando” las historias escuchadas, cada puntada representa la memoria, la huella tangible. Bordando por la paz, convierte la desconfianza en esperanza. Temor y dolor se transforman en amor.

သူတို့တွေက ကျွန်မတို့ကို ဆက်သွယ်တယ်၊ ဘုရားကျောင်းတစ်ခုကို ခေါ်တယ်၊ လူရွေးဖို့ ပိုက်ဆံပေးတယ်၊ နှစ်ခါစကားပြောပြီးတော့ အဆက်အသွယ်ပြတ်သွားပါတယ်ဆိုပြီး သူကအဆုံးသတ်ပါတယ်။

စုံစမ်းစစ်ဆေးနေတာကတော့ တိုးတက်မှု မရှိပါဘူး၊ ဖြစ်ရပ်တော်တော်များ⁠များမှာ အာဏာပိုင်တွေကို အားကိုးလို့မရပါဘူးဟု သူတို့အားလုံးက သဘောတူကြတယ်။

ယောက်ျားတွေလည်း ပန်းထိုးကြပါတယ်ဆိုပြီး သေချာစွာနားစွင့်နေတဲ့ ယောက်ျားပျို သုံးယောက်ကို ဖိတ်ခေါ်ရင်း သူတို့က ပြောပါတယ်။

မေ့လျော့ပစ်လိုက်တာက သေခြင်းတရားပါပဲ…

ဒီတစ်ထည်ကို အနီရောင်နဲ့ ပန်းထိုးထားတယ်၊ စစ်ထဲမှာတုန်းက သူ့အိမ်ကနေဖယ်ထုတ်ဖို့ လိုက်ရှာတဲ့ လူသတ်သမားတွေကို သိက္ခာရှိရှိ ရင်ဆိုင်ခဲ့ပြီး သေဆုံးသွားတဲ့ အယ်(လ်)ဂျို ဂါဇာ တာမက်(ဇ်)အတွက် ရည်ရွယ်ပြီးတော့ပေါ့…

အာရမ်၊ ဂယ်ဘရီယယ်(လ်)နှင့် ဝီလယမ်တို့က  ကြားလိုက်ရတဲ့ ဇာတ်လမ်းကိုစဉ်းစားနေရင်း ပန်းထိုးထည်ကို ယူလိုက်ပါတယ်။ အပ်ချက်တိုင်းက အမှတ်ရစရာတစ်ခုစီကို ဖော်ဆောင်နေပါတယ်၊၊ ထိတွေ့လို့ရတဲ့ ခြေရာခံချက်တွေပဲပေါ့။ ငြိမ်းချမ်းရေးအတွက် ပန်းထိုးခြင်းဟာ ယုံကြည်မှုကင်းမဲ့ခြင်းကို မျှော်လင့်ချက် ဖြစ်လာစေပါတယ်။ ကြောက်ရွံ့မှုတွေနဲ့ နာကျင်မှုတွေကို မေတ္တာအဖြစ် အသွင်ပြောင်းပေးပါတယ်။

Red por la Paz en México [es] ဟုခေါ်သော ဘလော့(ဂ်)သည် ဂွါဒလာဂျာရာရှိ ငြိမ်းချမ်းရေးအတွက် ပန်းထိုးခြင်းလှုပ်ရှားမှုအကြောင်းကို ဖော်ပြထားသည်။

En Guadalajara hay un grupo que se dedica a Bordar por la Paz. En Facebook aparecen muchas fotos de gente bordando: abuelitas de anteojos, papás con sus niñas, parejas de novios. Hasta una señora en silla de ruedas aparece. Unos están bordando parados, otros medio recostados en el césped, otros sentados en un banco. Bordan en un parque los domingos. Llevan su pañuelo blanco y  bordan ahí, en hilo rojo,  el nombre de alguna víctima de la violencia.

ဂွါဒလာဂျာရာတွင် ငြိမ်းချမ်းရေးအတွက် ပန်းထိုးခြင်းကို အထူးလုပ်ဆောင်သော အဖွဲ့တစ်ဖွဲ့ရှိသည်။ ဖေ့(စ်)ဘွတ်(ခ်)ပေါ်တွင် ပန်းထိုးနေကြသော လူများ၏ ပုံအမြောက်အများရှိသည် ၊ မျက်မှန်နှင့် ဘွား⁠ဘွားများ၊ ဖခင်ဖြစ်သူနှင့် အတူလာသော မိန်းကလေးငယ်များ၊ စုံတွဲများ ပါဝင်သည်။ ဘီးတပ်ကုလားထိုင်နှင့် အမျိုးသမီးတစ်ဦးပင် ပါလိုက်သေးသည်။ အချို့က မတ်တပ်ရပ်၍ ပန်းထိုးနေကြပြီး၊ ကျန်သူများက မြက်ခင်းပေါ်တွင် လဲလျောင်းရင်း၊ အခြားသူများကတော့ ခုံတန်းများတွင် ထိုင်ရင်း ပန်းထိုးကြသည်။ တနင်္ဂနွေနေ့များတွင် ပန်းခြံတစ်ခုထဲစု၍ ပန်းထိုးကြခြင်းဖြစ်သည်။ အဖြူရောင် လက်ကိုင်ပဝါများကို ဆောင်ယူသွားကြပြီး အနီရောင်အပ်ချည်နှင့် အကြမ်းဖက်မှု၏ ဓားစာခံများအမည်ကို ချည်ထိုးကြသည်။

ဤလှုပ်ရှားမှုသည် ဂျပန်နိုင်ငံရှိ တိုကျိုမြို့ကဲ့သို့သော ကမ္ဘာတစ်ဝန်းရှိ မြို့များသို့လည်း ပျံ့နှံသွားသည်။

ဤအပုဒ်သည်  မက္ကစီကို မူးယစ်ဆေးဝါးစစ်ပွဲအကြောင်း အထူးရေးသားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.