အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

တာ​ဂျစ်​ကစ္စ​တန်၊ ဟယ်​လို​ဝင်း​သည် မျိုး​ချစ်​များ​အတွက် မဟုတ်

တာဂျစ်ကစ္စတန်တွင် ဟယ်လိုဝင်းအကြောင်းသိသူ အများအပြားမရှိပေ။ သို့သော်လည်း နိုင်ငံတွင်းတွင် အားလပ်ရက်ပျော်ပွဲရွှင်ပွဲ ဆင်ယင်ကျင်းပမှုများက လူအချို့ကို မသက်မသာ ခံစားရစေသည်။

‘သူစိမ်းပြင်ပြင်’ အားလပ်ရက်

အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်သော ဘာချိုင် စာကိုသည် blogiston.tjတွင် ဆွေးနွေးရန် စတင်ခဲ့သည်။ သူငယ်ချင်းများနှင့် ဟယ်လိုဝင်းပွဲကို ကျင်းပရန် စိတ်အားထက်သန်နေသာ သူ၏သားကြောင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသော ဘာချိုင်က ထိုအားလပ်ရက်သည် ဗာဟီရဝါဒကို မြစ်ဖျားခံလာပြီး အနောက်တိုင်းယဉ်ကျေးမှုဖြစ်ကြောင်းကို ရေးသား[tj]ခဲ့သည်။ ပြီးနောက် ဘာချိုင် စာကိုက ထင်မြင်ချက်ပေးခဲ့သည်မှာ၊

Ба фикри ман, мо бояд аз таъриху решахои ин урфу одат хеч вакт фаромуш накунем. “Хэллоуин” асосан иди бутпарастону исавиён буда, ба арзишхову анъанахои миллии точик ва чамьияти исломи хеч тааллук надорад. Мо бояд насли наврасро омузонем, ки “хэллоуин” ба точикон ва ахли ислом бегона мебошад. Точикписарону точикдухтарони сарбаланд ва миллатдуст хеч вакт набояд идхои бегонаро чашн гиранд.

ကျွန်တော်ကတော့ ဒီအစဉ်အလာရဲ့ သမိုင်းကြောင်းနဲ့ မြစ်ဖျားခံရာကို ကျွန်တော်တို့တွေ ဘယ်တော့မှ မမေ့သင်ဘူးလို့ထင်တယ်ဗျ။ ဟယ်လိုဝင်းဆိုတာက သေချာပေါက်ကို ဘုရားမှန်းမသိတဲ့သူတွေနဲ့ ခရစ်ယာန်တွေရဲ့ အားလပ်ရက်ကြီးပါ၊ အဲလိုဆိုတော့ ဒီဟာက တာဂျစ်(ခ်) အမျိုးသားရေးနဲ့ အစ္စလာမ် အသိုင်းအဝိုင်းရဲ့ ရိုးရာတန်ဖိုးတွေနဲ့ လုံး⁠လုံးကို သွေဖီနေတယ်။ ကျွန်တော်တို့တွေက မျိုးဆက်သစ်တွေကို ဟယ်လိုဝင်းဆိုတာ တာဂျစ်(ခ်) လူမျိုးတွေနဲ့ မူဆလင်တွေအတွက် သူစိမ်းပြင်⁠ပြင်ပါ။ နိုင်ငံကိုချစ်တဲ့ ဂုဏ်ယူတတ်တဲ့ တာဂျစ်(ခ်) ယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေက ဒီသူစိမ်းပြင်ပြင် အားလပ်ရက်ကို ဘယ်တော့မှာ မကျင်းပသင့်ဘူး။

ခရစ်ယာန်တစ်ဦးဖြစ်သူ မာ့(ခ်)ဘလူအာက တာဂျစ်ကစ္စတန် တောင်ပိုင်း၊ ခါဂန်တယ်ပါရှိ ဟယ်လိုဝင်းပါတီတစ်ခုတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်သည်။ ခွင့်ပြုချက်ဖြင့် အသုံးပြုထားသည်။

ဘာချိုင် စာကို၏စာတွင် မှတ်ချက်ပေးလျက် အခြားတာဂျစ်(ခ်) ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်သူ တီယိုကရတ်က သဘောတူခဲ့သည်မှာ [tj]

100% бо Шумо розиям! Ман низ мутмаинам, ки аз чунин “идхо” имони чавонони мо заиф мегардад […] Наход дар хамин олам дигар идхои милли ва мусалмонии худамон набошад? […] Миллат ва халке, ки арзишхои худро пос намедорад ва онхоро риоя намекунад зуд туъмаи душманон мегардад!

ငါတော့ မင်းနဲ့ [အပြည့်အဝကို]သဘောတူတာပဲ။ ဒီလိုမျိုး “အားလပ်ရက်”တွေကြောင့် ငါတို့ရဲ့ လူငယ်တွေက သူတို့ရဲ့ ယုံကြည်ချက်မှာ အားနည်းလာကြတယ်လို့ ငါသေချာပေါက် ပြောရဲတယ်။ ငါတို့တွေမှာ ကိုယ်ပိုင် အမျိုးသား မူဆလင် အားလပ်ရက်တွေ မရှိလို့လား။ […] အမျိုးသားရေး တန်ဖိုးတွေကို မထိန်းသိမ်းဘဲ လိုက်ဖက်ညီအောင် မနေတဲ့ လူမျိုးတစ်မျိုး ဒါမှမဟုတ် လူတစ်စုဟာ တရားခံနဲ့ ရန်သူတွေပဲဟေ့။

‘အပြစ်မဲ့ ပျော်စရာဟာသ’

သို့ရာတွင်လည်း အချို့ ဘလော့(ဂ်)ရေးသူများကမူ ထိုအားလပ်ရက်ကို ဘာချိုင် စာကိုဝေဖန်ပုံမှာ တရားလွန်တရားမင်း ဖြစ်ခဲ့သူဟု ထင်မြင်ကြသည်။ မူစတာဖိုက ရေးခဲ့သည်မှာ [ru]

Не нужно перегибать палку. Во-первых, те ОЧЕНЬ НЕМНОГИЕ жители Таджикистана, которые “празднуют” хэллоуин, на самом деле никаким праздником его не считают. Это просто еще один повод разнообразить свою жизнь, устроить что-нибудь весёлое и интересное. Хэллоуин, о котором большинство наших граждан даже и не слышало, это просто НЕВИННАЯ ШАЛОСТЬ, а не “чуждый” праздник.

သိပ်တရားမလွန်ကြပါနဲ့။ အရင်ဦးဆုံးသိရမှာက ဒီဟယ်လိုဝင်းကို “ဆင်နွှဲ”ခဲ့ကြတဲ့ တာဂျစ်ကစ္စတန်လူနည်းစုက တကယ်တမ်းတော့ အဲဒါကို အားလပ်ရက်အနေနဲ့ မြင်ခဲ့ကြတာမဟုတ်ဘူး။ [သူတို့အတွက်တော့]ဒါက သူတို့ဘဝကို ပြောင်းလဲပျော်ရွှင်ကြည့်ဖို့ ပျော်စရာကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ တစ်ခုခုကို စီစဉ်ကျင်းပခဲ့ကြတာ။ ငါတို့ နိုင်ငံသားအများစု ဘာမှန်းမသိကြတဲ့ ဟယ်လိုဝင်းဆိုတာ သူစိမ်းပြင်ပြင်အားလပ်ရက်ထက် အပြစ်မဲ့ ပျော်စရာဟာသ တစ်ခုသက်သက်ပါပဲ။

ထိုနည်းတူပင် ဘာချိုင် စာကို၏ စာ[ru]အောက်တွက် ဒစ်(လ်)က မှတ်ချက်ပေးခဲ့သည်။

мне кажется что этот праздник еще один повод для людей собраться и весело провести время, какая разница чей это праздник? самое главное это ПРАЗДНИК!!!

ကျွန်တော်ကတော့ ဒီအားလပ်ရက်က လူတွေစုစည်းပြီး ပျော်စရာရှာတဲ့ နောက်ထပ်အချိန်အခါတစ်ခုလို့ပဲ ထင်တယ်။ ဘယ်သူတွေရဲ့ အားလပ်ရက်ဖြစ်တယ်ဆိုတာက ဘာလို့ ပြဿနာဖြစ်နေရမှာလဲ။ အရေးအကြီးအဆုံးအချက်က အဲဒါက အားလပ်ရက်ဆိုတာပဲဟေ့။

ခရစ်ယာန်တစ်ဦးဖြစ်သူ မာ့(ခ်)ဘလူအာက တာဂျစ်ကစ္စတန် တောင်ပိုင်း၊ ခါဂန်တယ်ပါရှိ ဟယ်လိုဝင်းပါတီတစ်ခုတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်သည်။ ခွင့်ပြုချက်ဖြင့် အသုံးပြုထားသည်။

ထိုသို့ ဟယ်လိုဝင်းကို ကာကွယ်ပြောဆိုသည့် အားထုတ်မှုများသည်လည်း ဝေဖန်ခံခဲ့ရသည်။ မူစတာဖို၏ စာအောက်တွင် ပါဗိုနာက မှတ်ချက်ပေးထားသည်မှာ [ru]၊

невинная шалость? ага, сегодня мы начнем праздновать хэллоуин вместе с днем свитого валентана, а завтра забудем свой родной язык и потеряем свою культуру.

အပြစ်မဲ့ ပျော်စရာဟာသတဲ့လား။ ကောင်းပြီး၊ ဒီနေ့မှာ ငါတို့ဟယ်လိုဝင်းနဲ့ စိန့်ဗယ်လင်တိုင်းဒေကို ပျော်ကြတယ်၊ မနက်ဖြန်ကြရင် ငါတို့တွေ ငါတို့ရဲ့ မိခင်ဘာသာစကားကို မေ့ပြီး ယဉ်ကျေးမှုကို ဆုံးရှုံးရလိမ့်မယ်။

အနည်းငယ်ကြာပြီးနောက်တွင် ပါဗိုနာက “ဟယ်လိုဝင်းသည် မျိုးချစ်များအတွက်မဟုတ်”ဟု ဖြည့်စွက်ပြောကြား[ru]ခဲ့သည်။

‘အမျိုးသား’ အားလပ်ရက်များ

ဟယ်လိုဝင်းသည် အမျိုးသားရေးနှင့် အစ္စလာမ် ရိုးရာအတွက် သူစိမ်းပြင်ပြင်ဖြစ်၍ မကျင်းပသင့်ဟူသော ဘာချိုင် စာကို၏ ယူဆချက်သည် blogiston.tjရှိ အချို့အသုံးပြုသူများအတွက်မူ တာဂျစ်ကစ္စတန်ရှိ အခြားအားလပ်ရက်များမှာလည်း အစ္စလာမ် သို့မဟုတ် “အမျိုးသားရေး”နဲ့ဆိုင်သည်မှာ အနည်းငယ်သာရှိကြောင်း ထောက်ပြနိုင်ရန် ဦးတည်ခဲ့သည်။

ဂျာဟွန်ဂီအာ ရေးခဲ့သည်မှာ [tj]

In tavr boshad, idi Nawruzam idi musalmoni nest. Shoyad Nawruzro jashn kardan bas kunem? Man rozi bo on sukhanhoi ki “halloween” idi mardumi Tojik nest, lekin agar sukhan dar borai idhoi musalmoni boshad mo in chunin boyad 8 Martu digar idhoi Sovetiro qa'd kardanashro ma'n kunem, yo ne?

ကိစ္စတွေကို ဒီလိုမျိုးကြည့်မယ်ဆိုရင် နာဗရု့(ဇ်)[‘(ခေါ်) ပါရှန်း နှစ်သစ်ကူး’]လည်း မူဆလင် အားလပ်ရက် မဟုတ်ပါဘူး။ နာဗရု့(ဇ်)ကို ကျင်းပတာကိုရော ငါတို့တေါ ရပ်သင့်လား။ ဟယ်လိုဝင်းက တာဂျစ်(ခ်) လူမျိုးတွေရဲ့ အားလပ်ရက်မဟုတ်ဘူးဆိုတာ ထောက်ခံပါတယ်၊ ဒါပေမဲ့ မူဆလင် အားလပ်ရက်တွေအကြောင်းပဲ ပြောမယ်ဆိုရင်တော့ ငါတို့တွေ မတ်လ (၈)ရက် [အမျိုးသမီးများနေ့]နဲ့ တခြားအားလပ်ရက်တွေကိုပါ ဆက်မကျင်းပသင့်တော့ဘူးလေ။ မဟုတ်ဘူးလား။

ထို့အပြင် ရုစလန်က ‘အမျိုးသား’ အားလပ်ရက်ဟုယူဆသည်များမှာ အချိန်နှင့်အမျှ ပြောင်းလဲတတ်ကြောင်းကိုလည်း ထင်မြင်ချက်ပေးခဲ့[ru]သည်။

[П]онятие “национальный” праздник меняется со временем. В начале 9-го века, например, Иди Курбон и Иди Рамазон были “чуждыми” для наших предков праздниками. А еще 100 лет назад таджики и не думали о том, чтобы справлять Новый Год, дни рожденья, 8 марта. 23 февраля и т.д. Откуда мы начинаем отсчет того, насколько какой-то праздник является “национальным” или “чуждым”?

“အမျိုးသား” အားလပ်ရက်လို့ ယူဆထားတာတွေကလည်း အချိန်နဲ့လိုက်ပြီး ပြောင်းနိုင်တာပါပဲ။ ဥပမာပြောရရင် ကိုးရာစု အစောပိုင်းတုန်းက အီဒီ ကူအာဘွန်[အိဒ် အယ်(လ်)-အဒ်ဟ]နဲ့ အီဒီ ရာမဇွန် [အိဒ် အယ်(လ်)-ဖိတာ]တွေက ငါတို့ဘိုးဘွားဘီဘင်တွေအတွက်တော့ ‘သူစိမ်းပြင်ပြင်’ အားလပ်ရက်တွေ ဖြစ်ခဲ့တာပဲ။ ပြီးတော့ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းကလည်း တာဂျစ်(ခ်)တွေက နှစ်သစ်ကူးတို့၊ မွေးနေ့တို့၊ မတ် (၈)ရက်တို့၊ ဖေဖော်ဝါရီ (၂၃) [တပ်မတော်နေ့] စတာတွေကို တာဂျစ်(ခ်) လူမျိုးတွေ မကျင်းပခဲ့ကြပါဘူး။ ဘယ်တုန်းကစပြီး ငါတို့တွေက ဘယ်အားလပ်ရက်ကတော့ဖြင့် အမျိုးသားအားလပ်ရက်၊ ဘယ်ဟာကတော့ဖြင့် သူစိမ်းပြင်ပြင်အားလပ်ရက်ရယ်လို့ ရေတွက်ခဲ့ကြတာတုံး။

နည်းလမ်းမျိုးစုံဖြင့် ထိုဆွေးနွေးချက်သည် တာဂျစ်(ခ်) အသိုင်းအဝိုင်းအတွင်းတွင် မည်သည်တို့ကို ‘အမျိုးသား'ရေးဆိုင်ရာအဖြစ် ယူဆပြီး မည်သည်တို့ကို ‘ပြင်ပ'ဆိုင်ရာအဖြစ် သတ်မှတ်မည်နည်းဟူသော သဘောမတူညီမှုများအဖြစ် ပျံ့နှံသွားခဲ့သည်။ နိုင်ငံတွင်းရှိ လူအချို့က တာဂျစ်(ခ်)လူမျိုးတို့သည် ဆိုဗီယက်မတိုင်မီ သို့မဟုတ် အစ္စလာမ်မတိုင်မီ ၄င်းတို့၏ ရင်းမြစ်ကို ပြန်သွားသင့်သည်ဟု ယုံကြည်ကြသည်။ အခြားလူများကမူ တာဂျစ်(ခ်)လူမျိုးတို့သည် ၄င်းတို့၏ ဆိုဗီယက်နောက်ပိုင်း ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းကျင့်သုံးသင့်သည်ဟု ငြင်းခုန်ကြသည်။

ထို့အပြင် နိုင်ငံတွင်းရှိ လူအများစုတို့သည် ထို့ကဲ့သို့သော ဆွေးနွေးချက်များသည် မသုံးမဝင်လှဟု ယူဆနေကြပုံရသည်။ အစ်(စ်)မိုလီ ယိုဂီရီ ဖော်ပြခဲ့[ru]သကဲ့သို့ပင်

что вы тут развели дискуссию? хеллоун – не хэллоуин, национальный – не национальный… мне лично никакой разницы нет. лишь бы в стране всем жилось хорошо!

မင်းတို့ ဒီမှာ ဘာတွေကို ဆွေးနွေးနေကြတာလဲ။ ဟယ်လိုဝင်းမလား၊ ဟယ်လိုမဝင်းဘူးလား၊ အမျိုးသားရေးလား၊ အမျိုးသားရေး မဟုတ်ဘူးလားဆိုတာတွေကို တစ်ယောက်တည်း အမြင်နဲ့ပြောရရင်တော့ ငါဂရုကို မစိုက်ဘူး။ အရေးအကြီးဆုံးအချက်က နိုင်ငံထဲမှာ ငါတို့တွေအားလုံး ကောင်းကောင်းမွန်မွန်နေလို့ရဖို့ သေချာအောင် လုပ်ကြဖို့ပဲဟာ။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.