အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

တာ​ဂျစ်​ကစ္စ​တန်​ရှိ လိင်​တူ​ချစ်​သူ​များ​အတွက် “အသေးစား အောင်မြင်​မှု” ဖြစ်သော မင်္ဂလာဆောင်

LGBT flag (Wiki image)

LGBT flag (Wiki image)

ကိန်း​ကြီး​ခန်း​ကြီး မ​နိုင်​လှ​သော မင်္ဂလာဆောင်​ငယ်​တစ်​ခု​ကို မ​ကြာ​ခင်​က ဒူ​ရှန်း​ဘယ်​တွင် ကျင်းပ​ခဲ့  သည်။ တာ​ဂျစ်​ကစ္စ​တန်​နိုင်ငံတွင် မင်္ဂလာဆောင်​များ​သည် ပုံ​မှန်​အခမ်းအနား​များ​ဖြစ်သော်​လည်း ဤ​အခမ်းအနား​က​မူ အရေး​ပါသော အကြောင်း​ခြင်း​ရာ​တစ်​ခု​ကြောင့် ထူးခြားနေ​သည်၊ ပူပူ​နွေး⁠နွေး​လက်ထပ်​ထား​သည့် စုံ​တွဲ​ နှစ်​ဦးလုံး​မှာ အမျိုးသား​များ ​ဖြစ်​သောကြောင့်ဖြစ်သည်။ အသက် နှစ်ဆယ်ကျော်​ခန့်​ရှိ​ကြ​သော လူ​ငယ်​လေး​နှစ်​ဦး​က ၄င်း​တို့​သည် စုံ​တွဲ​အဖြစ် ပေါင်း​ဖက်​နေထိုင်​သွား​ရန် ရည်​ရွယ်​သည်​ကို ကြော်ငြာ​ရန် ထို​အခမ်းအနား​ကို ကျင်းပ​ခဲ့​ကြ​သည်။ တာ​ဂျစ်​ကစ္စ​တန်​တွင် လိင်​တူ​ဆက်ဆံ​သည့် လူ​နည်း​စု​အား လက်ခံခြင်း မ​ရှိ​သ​လောက်​နည်းပါးကာ လိင်​တူ​လက်ထပ်​ခြင်း​အား တရားဝင်​မှတ်ပုံတင်​ရန် နည်း​လမ်းမ​ရှိသော်​လည်း ထိုသို့ ကျင်းပ​ခဲ့​ကြ​ခြင်း​ဖြစ်​သည်။

တွစ်​တာ​တွင်၊ @gaytajikistan က ထို​ပွဲ​အား အောက်​ပါ​အတိုင်း ချီးကျူးဂုဏ်ပြု ခဲ့​သည် -

ကျွန်တော် တို့​ရဲ့ အသေး​စား​အောင်မြင်​မှု​ပဲ၊ တာ​ဂျစ်​ကစ္စ​တန်​က လိင်​တူချစ်သူ ​လက်ထပ်​ပွဲ http://t.co/Svg7OQvAKS #Таджикистан #лгбт

သို့သော် အချို့ လူ​မှု​ကွန်​ယက်​ အသုံးပြုသူ​များ​က​မူ (မင်္ဂလာဆောင်​အတွက်) အားရသော ခံ​စား​ချက် သိပ်​မ​ရှိ​ခဲ့​ကြ​ပေ။ Blogiston ဆိုက်​တွင်၊ ဆာ​ဘာ​လန်း​က ထို​သ​တင်း​အား ဒေါသ​တ​ကြီး တုံ့ပြန် ခဲ့​သည်။ လိင်​တူ​ဆက်ဆံ​သူ အမျိုးသား​များ​အား “သဘာ၀နှင့် ဆန့်ကျင်သူများ”ဟု ခေါ်ဝေါ်​ခဲ့​ပြီး နိုင်ငံ​တွင်း​တွင် လိင်​တူ​ချစ်​ခြင်း​အား “အားပေး​အား​မြှောက်​ပြု​ခဲ့​ခြင်း”အတွက် အနောက်​တိုင်း​အား အပြစ်တင်​ခဲ့​သည်။

Я никогда не думал что доживу до такого дня когда в нашей родине содомиты будут проводить свадьбы и будут еще другим об этом говорить. Я ошибался. Оказывается и мы таджики попали под влияние запада и его политики поощрения всякой дряни.

ငါ​တို့​နိုင်ငံ​မှာ စသဘာ၀နှင့်ဆန့်ကျင်သူတွေ​က မင်္ဂလာဆောင်​တွေ​လုပ်​ပြီး အဲ​ဒီ​အကြောင်း​ကို တခြား​လူ​တွေ​ကို လိုက်​ပြော​နေ​တဲ့ နေ့ကို မျက်​ဝါး​ထင်​ထင်မြင်​ရ​မယ်​လို့ ဘယ်​တုန်း​က​မှ မ​တွေး​ခဲ့​မိ​ဘူး​ကွာ။ ငါတော်တော်​မှား​ခဲ့​တာ​ပဲ။ ခု​ကြည့်​ရ​တာ ငါ​တို့ တာ​ဂျစ်​တွေ​က အနောက်​နိုင်ံ​ငံ​တွေ​နဲ့ သူ​တို့​တွေ ဒီ​လို​အစုတ်​ပလုတ်​မျိုး​စုံ​ကို အားပေး​နေ​တဲ့ မူ​ဝါဒ​တွေ​ရဲ့ လွှမ်းမိုး​မူ​အောက် ရောက်​နေ​ပြီ

သူ​က LGBT အသိုင်းအဝိုင်း​သည် တာ​ဂျစ်​လူ​မှု​အသိုင်းအဝိုင်း​၏ တစ်​စိတ်​တစ်​ပိုင်း မဟုတ်​ဘဲ ၄င်း​တို့​အား ဖယ်ရှား​ရှင်းလင်း​သင့်​သည်​ဟု ဆက်ပြော ခဲ့​သည်။

Это даже читать противно. Не могу понять как эти содомиты позволили себе в нашей мусульманском обществе так себя вести и даже проводить свадьбу. Не могу понять как их родители и родственники не остановили их. Если об этом написали журналисты значит многие об этом знают.

Западные организации и посольства а также журналисты защищают содомитов. Многие наши граждане тоже подверглись их влиянию и теперь выступают за защиту этих нелюдей. Я думаю что нужно поднять вопрос с западными странами: если вам нужны такие люди и вы их защищаете, то забирайте себе. Пусть правительство даже деньгами поможет таким людям уезжать из Таджикистана навсегда. Им нет места в нашем обществе. Они не часть Таджикистана!

ဒီ​ဟာ​ကို ဖတ်​ရ​တာ ရွံ​လိုက်​တာ။ ဒီ​ကောင်​တွေ ဘာ​လို့များ ဒီ​လို​နေထိုင်​ပြီး ငါ​တို့ မူ​ဆ​လင် အသိုင်းအဝိုင်း​မှာ မင်္ဂလာဆောင်​တွေ လုပ်​ရဲ​လဲဆို​တာ စဉ်းစား​လို့​ကို မ​ရ​ဘူး။ မိဘ​တွေ၊ ဆွေ​မျိုး​တွေ​က ဘာ​လို့ မ​တား​လဲဆို​တာ​လည်း နား​မ​လည်​နိုင်​ဘူး။ သ​တင်း​ထောက်​တွေ​က ရေး​ရင် လူ​တွေ​အများ​ကြီး သိ​ကုန်​မှာ​ပေါ့။

အနောက်​နိုင်ငံ​တွေ​က အဖွဲ့​အစည်း​တွေ၊ သံ​ရုံး​တွေ​နဲ့ သ​တင်း​ထောက်​တွေ​က ဒီကောင်​တွေ​ကို ကာ​ကွယ်​ပေး​နေ​ကြ​တယ်။ ငါ​တို့​နိုင်ငံသား​တွေ​က​လည်း လွှမ်းမိုး​ခံ​ရ​ပြီး​တော့ ဒီ​လူ​မဟုတ်​တဲ့​ဟာ​တွေ​ကို အခု​ကာ​ကွယ်​ပေး​နေ​ကြ​ပြီ။ ဒီ​လို​လူ​တွေ​ကို သိပ်​လိုချင်​ပြီး ကာ​ကွယ်​ပေး​နေ​ချင်​ရင် အဲ​ဟာ​တွေ​ကို ခေါ်​သွား​လို့ အနောက်​နိုင်ငံ​တွေ​ကို ပြော​ပစ်လိုက်​သင့်​တယ်။ ဒီ​လို​လူ​တွေ​ကို တာ​ဂျစ်​ကစ္စ​တန်​က​နေ ထာဝရ ထွက်​ခွာ​သွား​နိုင်​အောင် အစိုးရ​ကို ကူညီ​ခွင့် ပေးလိုက်​စမ်း​ပါ။ အဲ​လို​ဟာ​တွေ​အတွက် ငါ​တို့ အသိုင်းအဝိုင်း​မှာ နေရာ​မ​ရှိ​ဘူး။ သူ​တို့​တွေ​က တာ​ဂျစ်​ကစ္စ​တန်​က​ကို မဟုတ်​ဘူး​ကွ။

ဖော်ဖော်​ဝါ​ရီ​လ​တွင် ကမ္ဘာ့​အသံ စာရေး​သူ အစ္စ​ကန်​ဒါ​က ရေးခဲ့သကဲ့သို့​ပင်၊

အာ​ရှ​အလယ်​ပိုင်း​ရှိ ရှေး​ရိုး​ဆန်​သော နိုင်ငံ​တစ်​ခု​ဖြစ်​ပြီး လူ​ဦးရေ​၏ ၉​၅​ရာ​နှုန်း​မှာ မူ​ဆ​လင်​များ​နေထိုင်​ကြ​သော တာ​ဂျစ်​ကစ္စ​တန်​ကို “လိင်​တူ​ချစ်​သူ​များ​အတွက် ငရဲ”ဟု ဆိုကြသည်။ လူ​မှု​ကွန်​ယက်​များ​က နိုင်ငံ​တွင်း​ရှိ LGBTအသိုင်းအဝိုင်း​အနေ​ဖြင့် လိင်​တူ​ချစ်သူများကို မုန်းတီးသူ​များ​အား ပြန်လည်တွန်းကန်နိုင်ရန် ကူညီ​ထောက်ပံ့​ပေး​နိုင်​လာ​သည်။

အို​ဇို​ဒီ​ အသံ​လွှင့်​ဌာန​မှ တင်​ဆက်​သော ထို​မင်္ဂလာ​အခမ်း​နာ​အကြောင်း ​အောက်​တွင် ပေး​ကြ​သော မှတ်ချက်​ (comment) များမှာ အလွန့်အလွန် ဆန့်ကျင်ထား​ကြ​ပြီး လူ​အများ​က LGBT အား “အနောက်​တိုင်း ဝါဒ​ဖြန့်​မှု” များဟု ပြစ်​တင်​ခဲ့​ကြ​သည်။ ဆုမွန်ကောင်းတောင်းပေးသူ တစ်​ဦး​တော့​ရှိ​ခဲ့ပါ​သည်။

Pozdravlyau so svadboy!!!!!!! jelau vsego samogo nailuchshego!!!!
eto ix sudba, ix jizn, kajdiy immet pravo jit kak on xochet! selyavi!

မင်း​တို့ မင်္ဂလာဆောင်​အတွက် ဂုဏ်​ပြု​ပါတယ်​။ အားလုံး​အဆင်​ပြေ​ပါ​စေ​လို့ ဆုတောင်း​ပေးလိုက်​ပါ​တယ်။ ဒါ​သူ​တို့ ကံကြမ္မာပဲ၊ သူ​တို့​ဘဝ​ပဲ။ လူ​တိုင်း​မှာ သူ​တို့​ကြိုက်​တဲ့​ပုံစံ​နဲ့ နေထိုင်​ခွင့်​ရှိ​တယ်​လေ။ C'est la vie! (ဘ၀ဆိုတာ ဒီလိုပါပဲ)။

အလက်​ဇန္ဒား  ဆို​ဒီ​ကော့(ဗ်)က ဤ​ဆောင်းပါးရေးသားရာတွင် အားဖြည့်​ကူညီ​ခဲ့​သည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.