အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ဖိ​လစ်​ပိုင်၊ နိုင်ငံ​တကာ​ပျောက်​ဆုံး​သူ​များ​နေ့​အတွက် ဖေ့(စ်)ဘွတ်(ခ်)မှ​ဓာတ်​ပုံ​များ ဖြုတ်​ချ

ဖိလစ်ပိုင်နိုင်ငံမှ ဖေ့(စ်)ဘွတ်(ခ်)အသုံးပြုသူများသည် လွန်ခဲ့သော သြဂုတ်လ (၃ဝ)ရက်နေ့က ဖိနှိပ်ခံ ပျောက်ဆုံးမှုမှ ဓားစာခံများအတွက် အမှန်တရားပေါ်ပေါက်ရေးအလို့ငှာ မိမိတို့ ဖေ့(စ်)ဘွတ်(ခ်)မှ ဓာတ်ပုံများကို ဖြုတ်ချခဲ့ကြသည်။

ထိုအွန်လိုင်းလှုပ်ရှားမှုကြီးသည် နိုင်ငံတကာပျောက်ဆုံးသူများနေ့နှင့် ကိုက်ညီနေပြီး တစ်ချိန်တည်းမှာပင် ပျောက်ဆုံးသူများ၏ မိတ်ဆွေများ၊ ဆွေမျိုးများ ညီညွတ်မှုကိုလည်း ထင်ဟပ်စေခဲ့သည်။

၄င်းလှုပ်ရှားမှုသည် စက်တင်ဘာ (၂၁)ရက်တွင် ကျရောက်မည့် ဖိလစ်ပိုင်နိုင်ငံအတွင်း အာဏာရှင် ဖာဒီနန် မာကို(စ်)မှ စစ်အာဏာသိမ်းခဲ့ခြင်း နှစ်လေးဆယ်ပြည့်အတွက် နိုင်ငံရေးလှုပ်ရှားမှုတစ်ခုလည်းဖြစ်သည်။ လှုပ်ရှားမှု၏ ဦးတည်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

- မာကို့(စ်)နှစ်များတွင် ရက်စက်ယုတ်မာသောစည်းကမ်းများချမှတ်ခဲ့ခြင်းနှင့် အဓိကကျသောလူ့အခွင့်အရေး ချိုးဖောက်ခဲ့ခြင်းတို့ကို အမှတ်ရစေရန်
– အကွီနိုအုပ်ချုပ်မှု၏ အောပလန် ဘာဟာနီဟန်လက်အောက်တွင် လုပ်ပိုင်ခွင့်များချိုးဖောက်မှုများ ကျယ်ပြန့်လာခြင်းအပေါ် လေ့လာမိစေရန်
–  လူအခွင့်အရေးချိုးဖောက်မှု အသွင်မျိုးစုံကို တားဆီးနိုင်ရေးနှင့် ဓားစာခံများနှင့် ၄င်းတို့မိသားစုများတို့အတွက် အမှန်တရားပေါ်ပေါက်ရန်

အွန်လိုင်းလှုပ်ရှားမှုကို လူ့အခွင့်အရေးအဖွဲ့အစည်း ကာရာပါတန် နှင့် ပျောက်ဆုံးသူဓားစာခံများ၏ မိသားစုများ အဖွဲ့အစည်းဖြစ်သော ဒီစာပါရာရက်စီဒိုစ် တို့က ဦးဆောင်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ ရှေ့ဆောင်ပြောကြားသူများ၊ အမျိုးမျိုးသော အခွင့်အရေးများ ချိုးဖောက်ခံရသော ဓားစာခံများ၏ မိသားစုများ၊ များစွာသော လူထုအဖွဲ့အစည်းတို့သည် မနီလာမြို့နှင့် အခြားအဓိကမြို့များတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂ဝ၁ဝသမ္မတ အကွီနိုလက်ထက်မှစတင်ပြီး မှတ်တမ်းများအရ ဓားစာခံ(၁၁)ယောက်ကျော် ပျောက်ဆုံးခဲ့မှုများနှင့် မြင့်တက်လာသော လှု့အခွင့်အရေးချိုးဖောက်မှုတို့အပေါ် ကဲ့ရဲ့ပြောဆိုခဲ့ကြသည်။

ဂျေ ကူစတာ သည် ၄င်းဖေ့(စ်)ဘွတ်(ခ်)မှ သူငယ်ချင်းများအားတရားမျှတမှုနှင့် လူ့အခွင့်အရေးတို့အတွက် လှုပ်ရှားမှုကို အားပေးရန်အတွက် မိမိတို့ဓာတ်ပုံကို ဖြုတ်ရန် တောင်းဆိုခဲ့သည်။

ချစ်ခင်ရပါသော သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များခင်ဗျား၊

စစ်အာဏာသိမ်းချိန်မှ ယနေ့အချိန်ထိ တရားမျှတမှုကို တစိုက်မတ်⁠မတ်ရှာဖွေနေကြသော ပျောက်ဆုံးသူများ၏ မိတ်ဆွေများ၊ မိသားစုများနှင့် တညီတညွတ်တည်းဖြစ်ကြောင်း ဖော်ထုတ်ပြသနိုင်ဖို့ လာမည့် သြဂုတ် ၃၀ရက်နေ့တွင် မိမိတို့ဖေ့(စ်)ဘွတ်(ခ်)မှ ဓာတ်ပုံကို ဖြုတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထိုနည်းအားဖြင့် ဖိအားပေး၍ ပျောက်ဆုံးခြင်းဆန့်ကျင်ရေး ဥပဒေကို အတည်ပြုရန် ကျွနိုပ်တို့သည် တစုတစည်းတည်းထောက်ခံကြောင်းလည်း ပြသနိုင်မည်ဖြစ်သည်။ သြဂုတ်လ ၃၀ရက်နေ့သည် နိုင်ငံတကာ ပျောက်ဆုံးသူများနေ့ဖြစ်သည်။

အင်တာနက်သုံးစွဲသူ ဖိလစ်ပိုင်နိုင်ငံသားများ ဓာတ်ပုံဗလာသာမက လှုပ်ရှားမှုကို ထောက်ခံသောပုံများကို တင်ထားကြပုံကို အောက်တွင် ကြည့်ရှုနိုင်သည်။

ဂျေကူစတာ၏ အက်(ဖ်)ဘီ ကိုယ်ရေးဓာတ်ပုံ

မဂ်ဘူဟို(စ်)၏ အက်(ဖ်)ဘီ ကိုယ်ရေးဓာတ်ပုံ

ဂျူဒီ တာဂွေဝါလိုက ပျောက်ဆုံးနေသော တက်ကြွလှုပ်ရှားသူများစာရင်းဖြင့် ၄င်း၏ ကိုယ်ရေးဓာတ်ပုံကို ပြင်ဆင်ခဲ့သည်။

လူဝီ အာ(ခ်)(စ်) ပိုဆာ၏ ဓာတ်ပုံ

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.