အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

တက္ကသိုလ်​ကျောင်းသား​တစ်​ဦး မိမိ​ကိုယ်​ကိုယ် သေ​ကြောင်း​ကြံစည်​မည့် မှတ်စု​တစ်​ခု ဖေ့စ်​ဘုတ်ခ်​တွင်​တင်၊ သူငယ်ချင်း​များ​က အချိန်မီ မ​ကယ်ဆယ်​နိုင်​ခဲ့

မိမိ​ကိုယ်⁠ကိုယ်​သေ​ကြောင်း​ကြံစည်​မှု​သည် ဘင်္ဂ​လား​ဒေ့ရှ်​တွင် ကာလ​ရှည်​ကြာ​ရှိ​ခဲ့​သော လူ​မှု​ပြသ​နာ​တစ်​ခု ဖြစ်​ကာ ကမ္ဘာ​တစ်​ဝှမ်း​မှ တင်ပြ​ချက်​များ​အရ နှစ်စဉ်​သေဆုံး​မှု​၏ ၂.၀​၆ ရာ​ခိုင်​နှုန်းရှိ​သည်။

ဒါ​ကာ​တက္ကသိုလ်​မှ ကျောင်းသား​တစ်​ဦး​ဖြစ်​သူ မာ​ဘဘ်​ရှ​ဟာန်း​က မိမိ​ကိုယ်​ကို သေ​ကြောင်း​ကြံစည်​မည့်​ပို့စ်​တစ်​ခုကို ၂​၀​၁​၄ ဇွန်​လ ၂ ရက်၊ ည ၇ နာရီ ၈ မိ​နစ်​တွင်​တင်​ခဲ့​သည်။ သူ​ရေး​ခဲ့​သည်မှာ -

I am lying on Rail Line. The Train is coming. And I am going to kick out bloody myself, the useless eater.

Once I've posted a comment “I should leave” then after I posted “I have to leave”. Some of you asked me- “From where & where will you go?”

I don't know where I am going. But I am leaving. Leaving useless myself forever.

Good bye, good bye forever.

ငါ​ရထား​သံ​လမ်းပေါ်​မှာ​လှဲ​နေ​တယ်။ ရထား​လာ​နေ​ပြီ။ ဆန်​ကုန်​မြေ​လေး​ငါ့​ကိုယ်​ငါ အဆုံးသတ်​လိုက်​တော့​မယ်။

တစ်​ခါ​က​မှတ်ချက်​တင်​ခဲ့​ဖူး​တယ် “ငါ​သွား​သင့်​ပြီ” … လို့။ အဲ​ဒါ​ပြီး​တော့ “ငါ​သွား​ကို​သွား​ရ​တော့​မယ်”လို့ ထပ်​တင်​ခဲ့​သေး​တယ်။

မင်း​တို့​တွေ​ကတော့​မေး​ခဲ့​ပါ​တယ် “ဘယ်​က​နေ ဘယ်​ကို​သွား​မှာ​လဲ” ဆို​ပြီး​တော့။

ငါ​ဘယ်​သွား​နေ​လဲဆို​တာ ငါ​မ​သိ​ဘူး။ ဒါ​ပေ​မယ့် ငါ​ထွက်​သွား​တော့​မယ်။ သုံး​စား​လို့​မ​ရ​တဲ့​ငါ့​ကိုယ်​ငါ​ဆီ​က ထာဝရ ထွက်​သွား​ပြီ။

တာ့​တာ။ ထာဝရ​အတွက် တာ့​တာ။

အထက်​ပါ​ပိုစ့်​တွင် မှတ်ချက်​ပေး​ထား​သည်​များ​မှ တွေ့​ရ​သည်မှာ ၄င်း​၏​သူငယ်ချင်း​များ​သည် ညနေ​ရထား​နှင့် ဒါ​ကာ​မြို့တော်​ထံ လာ​မည်​ဖြစ်​သော ရှာ​ဟာန်း ရှိ​နေ​မည့်​နေရာ​အား သိ​နိုင်​ရန် ကြိုးစား​ခဲ့​ကြ​သည်။ ၄င်း​၏ လက်ကိုင်​ဖုန်း​အား ခေါ်​ဆို​၍​မ​ရ​နိုင်​ခဲ့​သည့်​အတွက် မိသား​စု​နှင့် ရဲထံ အကြောင်းကြား​ရန် ကြိုး​စားသော်​လည်း မည်သို့​ဆက်​သွယ်​ရ​မှန်း​မ​သိ​ဖြစ်​ခဲ့​ကြ​သည်။ နာရီ​အနည်းငယ်​ကြာ​ပြီး​သည့်​နောက်​တွင်​မူ ၄င်း​၏​အလောင်း​ကို ကမ်​မ​လာ​ပါး ဘူတာရုံ​အနီး​တွင်​တွေ့​ရှိ​သည်​ဟု လူတစ်ယောက်က အတည်ပြု​ပြော​ကြား​ခဲ့​သည်။

ဤ​အဖြစ်အပျက်​က ထိုး​ပြ​နေ​သည်မှာ ရှာ​ဟာန်း​ကဲ့သို့​လူ​များ​အား ကယ်တင်​ရန် ဘင်္ဂ​လား​ဒေ့ရှ်​တွင် မိမိ​ကိုယ်​ကိုယ် သေ​ကြောင်း​ကြံစည်​မှု​အား ထိ​ရောက်​စွာ တားဆီး​ပေး​မည့် အရေးပေါ်​ဖုန်း​လိုင်း အလွန်အမင်း​လို​အပ်​နေ​ပြီ​ဆို​သော အချက်​ပင်​ဖြစ်​သည်။

မိမိ​ကိုယ်​ကို​သေ​ကြောင်း ကြံစည်​မှု​ဖြစ်​စေ​တဲ့ နံပါတ်​တစ် အကြောင်း​အရင်း​ကတော့ အကု​စား​မ​ခံ​ရ​တဲ့ စိတ်​ဓာတ်​ကျ​ခြင်း​ပဲ​ဖြစ်​ပါ​တယ်။  စိတ်​ဓာတ်​ကျ​ခြင်း​ကို ကုစား​လို့​ရ​ပါ​တယ်။ မိမိ​ကိုယ်​ကို​သေ​ကြောင်း​ကြံစည်​မှု​ကို​လည်း တားဆီး​လို့​ရ​ပါ​တယ်။. ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်ပေါက်နေတဲ့သူတွေနဲ့ စိတ်ဓာတ်ရေးရားပျက်သုဉ်းနေတဲ့သူတွေအတွက် စိတ်ချရတဲ့ အားပေးကူညီတဲ့ဖုန်းလိုင်းတွေကနေ အကူအညီရယူနိုင်ပါတယ်။ ကိုယ့်နိုင်ငံထဲမှာ သေကြောင်းကြံစည်မှုကာကွယ်ပေးတဲ့ အကူအညီဖုန်းလိုင်းကို ရှာဖို့ befrienders.org ကို​ကြည့်ပါ။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.