အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ထိုင်း​အာဏာ​သိမ်း​ခြင်း​အား ဆန္ဒ​ပြ​သူ​များ​က Hunger Gamesမှ​နေ​၍ စိတ်​အင်အား​ရ​ယူ​ခြင်း

ဘန်ကောက်ရှိ ထိုင်း​အာဏာ​သိမ်း​ခြင်း​အား ဆန့်ကျင်​ဆန္ဒ​ပြ​သူ​များ​က လွတ်လပ်​မှု၊ ညီမျှ​မှု​နှင့် သဟာယ​ဖြစ်​မှု​တို့​အား ထင်​ဟပ်​သော လက်သုံး​ချောင်​သင်္ကေတ​အား ပြ​နေ​ကြ​စဉ်။ ဓာတ်​ပုံ - ရော့(စ်)တွန်း ထ​ရီ​ယို့(စ်)၊ မူ​ပိုင် @Demotix (၁/၆/၂​၀​၁​၄)

ဘန်ကောက်ရှိ ထိုင်း​အာဏာ​သိမ်း​ခြင်း​အား ဆန့်ကျင်​ဆန္ဒ​ပြ​သူ​များ​က လွတ်လပ်​မှု၊ ညီမျှ​မှု​နှင့် သဟာယ​ဖြစ်​မှု​တို့​အား ထင်​ဟပ်​သော လက်သုံး​ချောင်​သင်္ကေတ​အား ပြ​နေ​ကြ​စဉ်။ ဓာတ်​ပုံ – ရော့(စ်)တွန်း ထ​ရီ​ယို့(စ်)၊ မူ​ပိုင် @Demotix (၁/၆/၂​၀​၁​၄)

ထိုင်း​နိုင်ငံ​တွင် ဆန္ဒ​ပြ​သူ​များ​သည် ၄င်း​တို့​၏ ဆန္ဒ​များ​အား ဖော်​ထုတ်​ရန် ဆန်း​သစ်​သော နည်း​လမ်း​များ​ကို တွေ့​ရှိ​ခဲ့​ကြ​သည်။ ဟော​လိ​ဝုဒ်​ရုပ်​ရှင်​တစ်​ကား​ဖြစ်​သည့် “Hunger Games”တွင်​ပါရှိ​သော “လွတ်လပ်​မှု၊ ညီမျှ​မှု​နှင့် သဟာယ​ဖြစ်​မှု”ဆို​သော လူ​အများ​လိုလား​ချက်​တို့​အား အမှတ်အသားပြုသည့် လက်သုံး​ချောင်း​ထောင်​ပြ​၍ သင်္ကေတ​ပြ​မှု​အား အတုယူလုပ်ဆောင်ခဲ့ကြသည်။

ထိုင်းအာဏာသိမ်းစစ်​တပ်​၏ အစော​ပိုင်း ညွှန်​ကြား​ချက်​တစ်​ခု​မှာ လူ​ငါး​ယောက် (သို့) ၄င်း​ထက်​ပို​၍ အစုအဝေး​ပြု​ခြင်း​ကို တားမြစ်​ခဲ့​ခြင်း​ဖြစ်​သည်။ ထို​တားမြစ်​ချက်​သည် အာဏာသိမ်းခြင်းအားဆန့်ကျင်​ဆန္ဒ​ပြ​သူ​တို့အား နေရာ​စုံ​သို့​သွား​၍ စုစည်း​သွား​ရောက်​ခြင်း​အား မ​ရပ်​တန့်​နိုင်​ခဲ့​ပေ။ သို့ရာတွင် စစ်​တပ်​သည် ဆန္ဒ​ပြ​သူ​များ​အပေါ် ပို​တင်းမာ​လာ​ခဲ့​ပြီး ထို​ဥပဒေ​အား​ချိုး​ဖောက်​သူ​များ​အား ဖမ်း​ဆီ​နေ​သည်။

နောက်​ပိုင်း​တွင် ရေပန်း​စား​ပျံ့နှံ့​ခဲ့​သော ဗီ​ဒီ​ယိုတစ်​ခု​တွင် ဆန္ဒ​ပြ​သူ အမျိုးသမီး​တစ်​ဦး​အား အငှား​ယာဉ်​အတွင်း​သို့ အတင်း​ထိုး​သွင်း​နေ​သော ယူ​နီ​ဖောင်း​မ​ဝတ်​ထား​သည့် ရဲ​တစ်​ဦး​အား တွေ့ရသည်။ တာဝန်ရှိ​သူ​များ​က ထို​အမျိုးသမီး​အား စစ်မေး​ရန် ရဲ​ဌာန​ချုပ်​သို့ ပို့​ခဲ့​ကြောင်း ဝန်ခံ​ထား​သည်။

အောက်တွင် “Hunger Games” သင်္ကေတ​ဖြင့် ဘန်​ကောက်​တွင် ဆန္ဒ​ပြ​သူ​များ​၏ ဓာတ်​ပုံ​အချို့​ကို ဖော်​ပြ​ထား​သည်။

Translation goes here

ထိုင်း​အာဏာ​သိမ်း​ခြင်း​အား ဆန့်ကျင်​ဆန္ဒ​ပြ​သူ​များ​က  ၄င်း​တို့​၏ ရုန်း​ကန်​လှုပ်ရှား​မှု​အဖြစ် လက်သုံး​ချောင်​သင်္ကေတ​အား ထောင်​ပြ​နေ​ကြ​စဉ်။ ဓာတ်​ပုံ - ဂွန်​ဇာ​လို အဘတ်၊ မူ​ပိုင် @Demotix (၁/၆/၂​၀​၁​၄)

ထိုင်းအာဏာသိမ်းခြင်းအား ဆန့်ကျင်​ဆန္ဒ​ပြ​သူ​များ​က ၄င်း​တို့​၏ ရုန်း​ကန်​လှုပ်ရှား​မှု​အဖြစ် လက်သုံး​ချောင်​သင်္ကေတ​အား ထောင်​ပြ​နေ​ကြ​စဉ်။ ဓာတ်​ပုံ – ဂွန်​ဇာ​လို အဘတ်၊ မူ​ပိုင် @Demotix (၁/၆/၂​၀​၁​၄)

လက်သုံး​ချောင်​သင်္ကေတ​အပြင် ဆန္ဒ​ပြ​သူ​တို့​သည် ၄င်း​တို့​အနေ​ဖြင့် အာဏာ​သိမ်း​ခြင်း​အား ဆန့်​ကျင်​ကြောင်း​ကို နက်​နက်နဲ​နဲ​ပြသ​ရန်​အတွက် လူစည်​ကား​ရာ​နေရာ​များ​တွင် စာအုပ်ထိုင်ဖတ်၍ ဆန္ဒ​ပြ​ခြင်း​ကို​လည်း လုပ်ဆောင်​နေ​ကြ​သည်။ ၄င်း​တို့​သည် ဆိုင်း​ဘုတ်​ကိုင်​ဆောင်​ခြင်း မ​ရှိ၊ လမ်းပေါ်​တွင် စီ​တန်း​လှည့်လည်​ခြင်း​လည်း​မ​ရှိ။ သို့သော် လူ​ထူထပ်​သော​နေရာ​များ​တွင် ထိုင်​၍ နိုင်ငံ​ရေး​စာအုပ်​များ​ကို ဖတ်​ကြ​ခြင်း ဖြစ်​သည်။ ထိုင်း​နိုင်ငံ​ရေး​စာအုပ်​များ​အပြင် ဆန္ဒ​ပြ​သူ​တို့​သည် ဂျော့(ခ်ျ)အော်​ဝဲ(လ်)၏ ၁​၉​၈​၄​ဟူ​သော စာအုပ်​အား ဖတ်​ရ​သည်​ကို​လည်း နှစ်သက်​ကြ​သည်။  စစ်​တပ်​သည် ထိုင်း​လူ​မှု​အဖွဲ့​အစည်း​အား ထိန်း​ချုပ်​ခြင်း​ကို ပိုမို​တင်း​ကျပ်​ရန် ရည်​ရွယ်​ရင်း​ရှိ​ရာ ထိုသို့ ဆန္ဒ​ပြ​ခြင်း​သည် သင့်လျော်​သည်​ဟု ယူဆ​ရ​သည်။

Translation goes here

ထိုင်း​အာဏာ​သိမ်း​ခြင်း​အား ဆန့်ကျင်​ဆန္ဒ​ပြ​သူ​များ​က လူစု​လူ​ဝေး​အား စစ်​တပ်​မှ​တားမြစ်​ခြင်း​ကို ပြည်​သူ​ပိုင်​နေရာ​များ​တွင် တိတ်တဆိတ်​စာအုပ်​များ​ဖတ်​ခြင်း​ဖြင့် ဆန့်​ကျင်​နေ​ကြ​ပုံ။ ဓာတ်​ပုံ - လီ⁠လီ​ယန် ဆု​ဝန်​ရမ်​ဖ၊ မူ​ပိုင် @Demotix (၃​၁/၅/၂​၀​၁​၄)

ထိုင်းအာဏာသိမ်းခြင်းအား ဆန့်ကျင်​ဆန္ဒ​ပြ​သူ​များ​က လူစု​လူ​ဝေး​အား စစ်​တပ်​မှ​တားမြစ်​ခြင်း​ကို ပြည်​သူ​ပိုင်​နေရာ​များ​တွင် တိတ်တဆိတ်​စာအုပ်​များ​ဖတ်​ခြင်း​ဖြင့် ဆန့်​ကျင်​နေ​ကြ​ပုံ။ ဓာတ်​ပုံ – လီ⁠လီ​ယန် ဆု​ဝန်​ရမ်​ဖ၊ မူ​ပိုင် @Demotix (၃​၁/၅/၂​၀​၁​၄)

ထိုင်း​တပ်​မတော်​က မေ​လ(၂​၀)ရက်​နေ့​တွင် ည​မ​ထွက်​ရ​အမိန့်​ကို ကြေညာခဲ့ပြီး နှစ်​ရက်​အကြာ​တွင် အာဏာ​သိမ်း​ခဲ့​သည်။ နိုင်ငံ​ငြိမ်​သက်​ပြီး နိုင်ငံ​ရေး​ပြုပြင်​ပြောင်းလဲ​မှု​များ ဖော်​ဆောင်​ပြီး​မှ​သာ​လျှင် ရွေး​ကောက်​ပွဲလုပ်​မည်​ဖြစ်​ကြောင်း စစ်​တပ်​က အသိ​ပေး​ခဲ့​သည်။

နိုင်ငံ​တစ်​ဝန်း ည​မ​ထွက်​ရ​အမိန့်​အား အတည်ပြု​ပြီး နှစ်​ပတ်​ခန့်​အကြာ​တွင် နိုင်ငံ​တကာ ခရီးသွား​များ အသွားအလာ​များ​သည့် ဒေသ​များ​ဖြစ်​သော ပတ်​တရား၊ ဆာ​မွေး​နှင့် ဖူး​ခက်​တို့​တွင် ပြန်​ရုပ်သိမ်း​ရန် စစ်​တပ်​က ဆုံးဖြတ်ခဲ့သည်။

အာဏာ​သိမ်း​ပြီး​နောက် အစော​ပိုင်း​ရက်​များ​တွင် စစ်​တပ်​သည် ရုပ်​သံ​နှင့် အသံ​လွှင့်​ဌာန​များ​အား ထိန်း​ချုပ်​ခဲ့​သည်။ ရုပ်​သံ​ဂြိုလ်​တု​လိုင်း​ပေါင်း ၆​၀⁠၀​ခန့်​အား စစ်​တပ်​က ပိတ်ပစ်ခဲ့သည်။ ယခု​အပတ်​တွင် စီ​အန်​အန်၊ ဘီ⁠ဘီ​စီ​နှင့် လူ​ကြိုက်​များ​သည့် ကာ​တွန်း​ကား​များ​အပါအဝင် လိုင်း​ပေါင်း ၄​၀​အား ပုံ​မှန် ပြန်​ထုတ်​လွှင့်​ခွင့်​ပြု​ခဲ့​သည်။

မီ​ဒီ​ယာ​များ​သည် တင်း​ကျပ်​သော စည်းမျဉ်းများအောက်​တွင် လှုပ်ရှား​နေ​ရ​ဆဲ​ဖြစ်​ပြီး ကွန်ယက်နိုင်ငံသားများအား အာဏာပိုင်​များ​ကို ဝေဖန်​ခြင်း​မ​ပြု​ရန် စစ်​တပ်​က တားမြစ်​အသိ​ပေး​ရာ​တွင် ပိုမို​ပြင်းထန်​လာ​ခဲ့​သည်။ စိတ်ဝင်စား​ဖွယ်ရာ​ကောင်း​သည်မှာ အစိုးရ​အကြံပေး​တစ်​ဦး​က “သ​တင်း​များ​အား အလွန်​အကျွံ ကြည့်​ရှု​နားထောင်​ခြင်း​ဖြင့် စိတ်​ပိုင်း​ဆိုင်​ရာ​ဖိ​အား”ကို ခံစား​ရ​နိုင်​ကြောင်း ပြည်​သူ​များ​အား သတိပေးခဲ့ခြင်းပင်​ဖြစ်​သည်။ ထို​အကြံပေး​ပုဂ္ဂိုလ်​က​ပင် အစိုးရ​ပိုင် ရင်း​မြစ်​များ​ကို​သာ ဖတ်​ရှု​ခြင်း​ဖြင့် ကျန်း​ကျန်းမာ​မာ နေထိုင်​ကြ​ရန် ပြည်​သူ​တို့​အား တိုက်တွန်း​ပြောဆို​ခဲ့​သည်။

ပြီး​ခဲ့​သော​ရက်​များ​တွင် တက္ကသိုလ်​မှ ပညာ​ရှင်​များ​နှင့် သ​တင်း​ထောက် ရာ​ပေါင်း​များ​စွာ​ကို စစ်​တပ်​က ဆင့်ခေါ်​ခဲ့​သည်။ ၄င်း​တို့​အများ​ဟု​မှာ အာဏာ​ရှင်​နှင့် သဘောထား​ကွဲလွဲ​ပြီး ဝေဖန်​လေ့​ရှိ​ကြ​သူ​များ​ဖြစ်​သည်။ ကံကောင်း​ထောက်မ​စွာ​ပင် အချို့​ကို ပြန်​လွှတ်​ပေး​ခဲ့​ပြီး ၄င်း​တို့​၏ အတွေ့​အကြုံ​များ​ကို ပြန်​မျှဝေ​နိုင်​ခဲ့​ကြ​သည်။

သန​ပေါ(လ်) အယ်​ဝါ​စ​ကူး(လ်)က စစ်​တပ်​ရုံး​ခဲ့​သို့ သွား​ရောက်​ခဲ့​ပုံ​ကို အောက်​ပါ​အတိုင်း မျှဝေ​ထားသည်။

ကိုယ့်ဟာ​ကိုယ် သ​တင်း​ပို့​တဲ့ ဖြစ်​စဉ်​က နိုင်ငံ​ရေး​နည်း​လမ်း​တစ်​ခု​ပါ​ပဲ။ ဒါ​က ပူးပေါင်း​ပါဝင်​ဖို့ တောင်း​ဆို​ချက်​တစ်​ခု​ပါ​ပဲ။ တစ်​ယောက်⁠ယောက်​က သဘောတူ​ပါဝင်​မယ်​ဆို​ရင် အဲ​တစ်​ယောက်​က ပြန်​လို့​ရ​မယ်။ အဲ ဒါပေမဲ့ တစ်​ယောက်⁠ယောက်​က စစ်​သား​တွေ​နဲ့ ပူးပေါင်း​ပါဝင်​တာ​မျိုး မ​လုပ်​ဘူး​ဆို​ရင်​တော့ ကိစ္စ​တွေ​ကို အလေး​ထား​ဖြေ​ရှင်း​ဖို့ “ဓာတ်​ကြမ်းတိုက်”ရ​လိမ့်​မယ်​လို့ သူ​တို့​က ပြော​လိမ့်​မယ်။

လူ​သိ​များ​သော သ​တင်း​ထောက်​တစ်​ဦး​ဖြစ်​သူ ပ​ရာ​ဗစ် ရို​ဂျ​နာ​ဖ​ရက်(ခ်)က “Big Brother”တီ​ဗီ​အစီ​အစဉ်​တွင် ပါဝင်နေသကဲ့သို့ ခံစား​ရ​ကြောင်း​ကို

ကျွန်တော်​တို့​တွေ ဖုန်း​သုံး​ခွင့်​မ​ရှိ​ဘူး​လို့ ပြောထား​ကြ​တယ်။ သုံး​လို့​ရ​တဲ့ ဖုန်း​က နှစ်​လုံး​ရှိ​တယ်၊ ကျွန်တော်​တို့ သုံး​ချင်​သ​လို သုံး​လို​ရ​တယ်၊ ဒါပေမဲ့ (ခေါ်​မယ့်) နံပါတ်​ကို ပေး​ရ​မှာ၊ ပြီး​တော့ ကျွန်တော်​တို့​ဖုန်း​ပြော​တာ​ကို ချောင်း​နားထောင်​ဖို့ တစ်​ယောက်⁠ယောက်​က ကျွန်တော်​တို့​ဘေး​မှာ ရပ်​နေ​မှာ။

အိပ်မက်​လို​ပါ​ပဲ။ အားလုံး​က အိပ်မက်​လို​ပဲ ဆန်း​နေ​တာ။ တစ်​ချိန်​လုံး “Big Brother” ရုပ်​သံ​အစီ​အစဉ်​မှာ ပါ​နေ​ရသ​လိုလို​မျိုးပဲ တစ်​ချိန်​လုံး ခံစား​နေ​ရ​တယ်။

အဲ​ဒီ​မှာ​နေ⁠နေ​ရ​တာ​ဟာ၊ ကျွန်တော်​ထင်​တာ​တော့ လူ​တိုင်း​ရဲ့ စိတ်​စွမ်းအား​ကို စမ်း​သံ​နေ​သ​လို​ပါ​ပဲ။ တချို့​တွေ​က ကွဲပျက်​ကျ​ဆုံး​တယ်၊ တချို့​တွေ​က ငို​ပြီး တချို့​က တောင်းပန်​ကြ​တယ်။

အချို့​ထိုင်း​များ​က အာဏာ​သိမ်း​သည်​ကို ထောက်ခံကြသော်လည်း အများ​စု​က​မူ ရွေး​ကောက်​ပွဲ ကျင်းပ​ခွင့်​ပြု​ရန်​နှင့် အာဏာ​အား ပြည်​သူ​များ​လက်​တွင်း​သို့ ပြန်​ထည့်​ပေး​ရန် တိုက်တွန်း​နေ​ကြ​သည်။ စစ်​တပ်​သည် ထိုင်း​နိုင်ငံ​၏ မြို့တော်​ဖြစ်​သော ဘန်​ကောက်​၏ လမ်း​များပေါ်​တွင် ငြိမ်း​ချမ်း​ရေး​ကို ပြန်​လည်း​အသက်​သွင်း​ကောင်း သွင်း​နိုင်​ခဲ့​လိမ့်​မည်။ သို့သော် နိုင်ငံသား​များ​၏ လွတ်လပ်​မှု​ကို ဖျက်ဆီး​ပြီး လုပ်​ခဲ့​ခြင်း​သာ​ဖြစ်​သည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.