အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

မ​ဒ​ဂါ​စကား​မှာ လည်​ချင်​တာ​လား

မ​ဒ​ဂါ​စကား​သို့ ယခုမှ အလည်​အပတ်​ရောက်​ရှိ​သူ​များ​အတွက် အများ​ပြည်​သူ​သုံး​ယာဉ်​များ​နှင့် သွား​လာ​လည်ပတ်​ရန်​မှာ အခက်​အခဲ​တစ်​ခု​ဖြစ်​နိုင်​သည်။ စတုရန်း​ကီ​လို​မီ​တာ ငါး​သိန်း​ကိုး​သောင်း​ရှိ​သော နိုင်ငံ​၏ လမ်းပန်း​ဆက်​သွယ်​ရေး​အနေအထား​မှာ​လည်း အိုမင်း​ဟောင်းနွမ်း​နေ​ပြီး ဖွံ့ဖြိုး​မှု နိမ့်​နေ​သည်။ ရထား​လမ်း​ကို တိုး​ချဲ့​ဖောက်​ထွင်​နေသော်​လည်း မြို့​အများ​စု​သို့ လမ်းမ​ပေါက်​သေး​ပေ။

မြို့​လယ်​ခေါင်​နေရာ​များ​တွင်​မူ အများ​ပြည်​သူ​သုံး​ယာဉ်​များ​ဟူ၍ အလွန်အမင်း​ပြည့်​ကျပ်​နေ​သော ဘတ်(စ်)ကား​များ​နှင့် ဗဲန်​ကား​အသေး​စား​များ​သာ​ရှိ​ပြီး မြို့တွင်း​ရထား​လမ်း​မှာ မြို့တော်​ဖြစ်​သော အန်​တာ​နာနာ​ရီ​ဗို​တွင်​သာ ဆက်​ဖောက်​နေ​သည်။

အများ​ပြည်​သူ​သုံး​ယာဉ်​များ​နှင့် ပတ်သက်​သည့်​ပြဿနာ​မှာ မြို့တော်​တွင် လူ​သိ​ပြီး​သား ပြဿနာ​တစ်​ခု​ဖြစ်​သည်။ ထို​မြို့တော်​တွင် လူ​နှစ်​သန်း​ခန့် နေထိုင်​ပြီး မှန်းခြေ​အရ ကား​အစီး​ရေ​စုစုပေါင်း ၁⁠၁​၀⁠၀​၀​၀ ရှိ​သည်။ မြို့တွင်း​လမ်း​များ​မှာ များ​သော​အား​ဖြင့် အောက်​ပါ​ပုံ​တွင် မြင်​ရသ​ကဲ့သို့​ပင် ပိတ်​ကျပ်​နေ​လေ့​ရှိ​သည်။

Urban traffic in Antananarivo via Mada aventures CC-NC-2.0

အန်​တာ​နာနာ​ရီ​ဗို​ရှိ မြို့တွင်း ယာဉ်​ကြော (Madagascar-aventuresမှ တစ်​ဆင့်) CC-NC-2.0 

 

Vive Madagascarရိုက်​ကူး​ထား​သော ဗီ​ဒီ​ယို​တစ်​ခု​တွင်​လည်း မြို့တွင်း​ခရီးသွား​လာ​မှု​အခြေအနေ​အား မှတ်တမ်း​တင်​ထား​သည်။

ဤ​ကဲ့သို့​သော ယာဉ်​ကြော​ပိတ်​မှု​မှာ မြို့ပြ​လူထု​အတွက် အလွန်​ဆိုးဝါး​၍​အန်​တာ​နာနာ​ရီ​ဗို အစိုးရ​က မြို့တော်​၏​လူ​နေ​အထူ​ထပ်​ဆုံး တောင်​နှစ်​လုံး​အကြား​တွင် က​ောင်း​ကင်​ကား​စနစ်[fr] ထည့်​သွင်း​တပ်​ဆင်​ရန် ကြီးကြပ်​ကြည့်​ရှု​နေ​သည်။

Cette ligne devra desservir la Haute Ville et Mahamasina. Toutefois, le PDS n’a pour l’instant fourni aucun détail quant au début des travaux ni au coût financier du projet.
En ce qui concerne l’utilisation de téléphérique urbain, la Capitale se dotera de ce mode de transport en commun après la Paz.

ဒီ​စနစ်​က မြို့​အပေါ်​ခြမ်း​နဲ့ မဟာ​မ​စိ​န​မြို့​နယ်​နှစ်​ခု​ကို ဆက်​သွယ်​ပေး​သွား​မှာ​ပါ။ ဒါပေမဲ့ မြို့တော်​ဝန်​က ဘယ်​တော့​စ​လုပ်​မယ်​ဆို​တာ​နဲ့ ဘဏ္ဍာ​ရေး ကုန်ကျ​စရိတ်​အသေး​စိတ်​ကို မ​ပေး​သေး​ပါ​ဘူး။ မြို့ပြ​က​ကောင်းကင်​ကား​စနစ်​ကို ရွေး​တာ​နဲ့ ပတ်သက်​ပြီး​ကတော့ လပက်(ဇ်)မှာ အဆင်​ပြေ​တိုးတက်​နေ​တဲ့ စနစ်ကို​ကြည့်​ပြီး ဒီ​မြို့တော်​မှာ​လည်း လုပ်​ရင်​ကောင်း​မယ်​လို့ တွ​ေး​မိ​သွား​တာ​ပါ။

ဖြစ်​နိုင်​သည့် ကုန်ကျ​စရိတ်​နှင့် (ခန့်​မှန်း လ​ပက်(ဇ်)တွင် ယူ​ရို​ငွေ ၁​၆⁠၆​သန်း (သို့) အမေ​ရိ​ကန်ဒေါ်​လာ သန်း ၂​၃​၀​ကုန်ကျ) ထူပြော​သော ဆင်းရဲ​မှု​ကြောင့် လူ​အများ​စု​က ထို​ကဲ့သို့​သော စီမံ​ကိန်း​မျိုး ဆောင်ရွက်​ရန်​မှာ သင့်လျော်​၏​လော​ဟု တွေးတော​နေ​ကြ​သည်။ မာ့(ခ်) ဟာ​မဲ(လ်)က ရေးခဲ့သည်မှာ[fr]၊

Plutôt que de penser construire un téléphérique, ne faudrait il pas commencer à raser les bidonvilles , reloger ces gens comme des êtres humains , soigner et scolariser leurs enfants ?

ကျွန်တော်​တို့​အနေ​နဲ့ ကောင်းကင်​ကား​တွေ​ဆောက်​ဖို့​ထက် ဆင်ခြေဖုံး​ဆင်းရဲသား​ရပ်​ကွက်​တွေ​ကို ဘယ်​လို​သန့်​ရှင်း​ရ​မ​လဲ၊ လူ​သား​သိက္ခာ​နဲ့ ပို​ကိုက်​မယ့် နေရာ​တွေ​ကို ဘယ်​လို​ရွှေ့​ပြောင်း​ပေး​ရ​မ​လဲ၊ ကျန်းမာ​ရေး​စောင့်ရှောက်​မှု ဘယ်​လို​ပေး​ရ​မ​လဲ​နဲ့ သူ​တို့​ကလေး​တွေ​ကို ဘယ်​လို​ပညာသင်​ပေး​ရ​မ​လဲဆို​တာ​တွေ စ​လုပ်​သင့်​တာ​မဟုတ်​ဘူး​လား။

မ​ဒ​ဂါ​စကား​ရှိ အများ​ပြည်​သူ​သုံး​ယာဉ်​စနစ်

အကယ်၍ ယာဉ်​ကြော​ပိတ်​ဆို့​မှု​သည် မြို့တော်​များ​ရှိ အဓိက ပြဿနာ​ဖြစ်​နေ​လျှင် ပြည်နယ်​ဆက်​သွယ်​လမ်း​များ​ကို​လည်း အကြီး​စား​ပြင်ဆင်​မှု​များ လုပ်​ရန် လို​အပ်​နေ​ပေ​သည်။ Madagascar Tribuneမှာ ဘစ်(လ်)က လုပ်ဆောင်စရာ အများ​အပြား​ရှိ​နေ​ကြောင်း[fr]ကို ရေးသား​ခဲ့​သည်။ 

11 700 km de routes à réparer dans tout Madagascar en 6 mois […] l’OTU (Office des travaux d’urgence) va se consacrer aux travaux d‘urgence et aux entretiens provisoires des routes endommagées par les catastrophes naturelles

နောက်​ခြောက်​လ​အတွင်း​မှာ မ​ဒ​ဂါ​စကား​တစ်​လျှောက် ၁⁠၁​၇​၀​၀ ကီ​လို​မီ​တာရှည်​တဲ့​လမ်း​တွေ​ကို ပြင်​ဖို့​လို​ပါ​တယ် […] ယူ​တီ​အို [အရေးပေါ်​လုပ်​ငန်း​ရုံး]က အမြန်​ဆုံး​ပြင်​ဖို့ လို​နေ​တဲ့ လမ်း​တွေ​နဲ့ သ​ဘာ​ဝ​ဘေး​ကြောင့်​ပျက်စီး​သွား​တဲ့ လမ်း​တွေ​ကို ယာယီ​ပြင်​ဖို့​ကို ဦးစီး​ဆောင်ရွက်​သင့်​တယ်။

လာ⁠လာ​န(မာ​လ​ဂါ​စီ​စကား​တွင် လမ်း​ဟု အဓိပ္ပာယ်​ရ​သည်)ဟူ​သည့် အစိုးရ​မဟုတ်​သည့် အဖွဲ့​အစည်း​က မဒဂါစကား တို​အာမာ​စီ​နာ​၏ အဓိက​ဆိပ်ကမ်း​နှင့် မြို့တော်​တို့​အား[fr] ဆက်​သွယ်​ထား​ပေး​သည့် RN2 အဝေး​ပြေး​လမ်းမ​၏ အခြေအနေ​ကို သတိပေး​ပြော​ကြား​ခဲ့​သည်။

Le patrimoine routier du pays se dégrade. La crise politique a complètement chamboulé le mécanisme de financement du programme d’entretien routier et des travaux d’urgence. Des dégâts, laissés par les cyclones qui ont frappé le pays, l’année dernière, ne sont toujours pas réparés à l’heure actuelle. C’est le cas, entre autres, de la route nationale 2, reliant Antananarivo à Toamasina. Plusieurs mini-éboulements, des portions de route emportées par les torrents

နိုင်ငံ​တစ်​ဝန်း​မှာ​ရှိ​တဲ့ လမ်း​တွ​ကေ ပျက်စီး​ယိုယွင်း​နေ​ပါ​ပြီ။ နိုင်ငံ​ရေး​ကပ်​ဆိုက်​တာ​က လမ်း​တွေ​ကို ထိန်းသိမ်း​ဖို့​နဲ့ အရေးပေါ်​ပြင်​ဖို့ လို​တဲ့ အစီ​အစဉ်​တွေ​အတွက် ဘဏ္ဍာ​ရေး​စီး​ဆင်း​မှု​ကို လုံး⁠လုံး​စုတ်ပြတ်​သွား​စေ​ခဲ့​တာ​လေ။ မနှစ်​တုန်း​က ဒီ​နိုင်ငံ​ကို ဝင်​ခဲ့​တဲ့ ဟာ​ရီ​ကိန်း​ကြောင့် ပျက်စီး​သွား​တဲ့ အပျက်​အစီး​တွေ​ကို​လည်း မ​ပြင်​ရ​သေး​ဘူး။ အထူးသဖြင့် ကျောက်​တွေ​ပြို​ကျ​တာ​မြင်​နေ​ရ​တဲ့ အန်​တာ​နာနာ​ရီ​ဗို​က​နေ တို​အာမာ​စီ​နာ​ကို ဆက်​ပေး​ထား​တဲ့ အမျိုးသား​အဝေး​ပြေး​လမ်းမ (၂)က အဆိုး​ဆုံး​ပဲ။ အဲ​ဒီ​လမ်း​ရဲ့ တချို့​အပိုင်း​တွေ​က ရေ​ကြီး​တုန်း​က ပါသွား​ခဲ့​သေး​တယ်။

National roads in Madagascar - viaTananews- Public domain

မ​ဒ​ဂါ​စကား​ရှိ အမျိုးသား​လမ်းမ​ပ​ေါ်​မှ “ကျေးလက်​သုံး အငှား​ယာဉ်”။ တီ​နာ သ​တင်း​မှ​တစ်​ဆင့်၊ Public domain

မာ​ဒ​ဂါ​စကား​တစ်​ခွင် အများ​ပြည်​သူ​သုံး​ယာဉ်​များ​ကို သုံး​၍ ခရီးသွား​ရ​ခြင်း​မှာ ထူးခြား​သည့် အတွေ့​အကြုံ​တစ်​ခု​ဖြစ်​နေ​ပါ​သေး​သည်။ ငွေ​ကြေး​ကုန်ကျ​အသက်​သာ​ဆုံး​နည်း​လမ်း​မှာ ဘ​ရောက်​စဲ​တက္က​စီ​ဟုခေါ်​သော ကျေးလက်​အငှား​ယာဉ်​များ​အား အသုံးပြု​၍ လည်ပတ်​ခြင်း​ဖြစ်​သည်။ ဘ​ရောက်​စဲ​တက္က​စီ​များ​တွင် ကား​အမျိုး​အစား အစုံအလင်​ရှိ​ပြီး အများ​စု​မှာ အပေါ်​ပုံ​တွင် တွေ့​ရ​သည့်​အတိုင်း ဗဲန်​ကား​အသေး​စား​များ​ဖြစ်​သည်။ မြို့တော်​က​ထွက်​သည်​နှင့် “ပေါက်​စဲ​ပေါက်​စဲ”ဟုခေါ်​သော အောက်​ပါ​ဗီ​ဒီ​ယို​တွင် တွေ့​နိုင်​သည့် လန်​ချား​များ​နှင့် ဆက်လက်​လည်ပတ်​နိုင်​သည်။

မ​ဒ​ဂါ​စကား​တွင်​နေထိုင်​သူ ကမ္ဘာ့​အသံစာ​ရေး​သူ​တစ်​ဦး​ဖြစ်​သည့် အာ​ရီ​နီ​အိုက်​နာ​က မ​ဒ​ဂါ​စကား​တွင် လန်​ချား​များ​နှင့် ပတ်သက်​သည့် ဥပဒေ​ဆိုင်​ရာ အပြောင်း​အလဲ​ရှိ​ခဲ့သော်​လည်း ဒေသခံအများစုအတွက်မူ လန်​ချား​သည် အရေး​ပါသော သွား​လာ​ရေး​နည်း​လမ်း​တစ်​ခု​ဖြစ်​နေ​သေး​ကြောင်း ထောက်​ပြ​ခဲ့​သည်။ 

လူ​က​ဆွဲ​ပြီး​သွား​ရ​တဲ့ ဒီ​လန်​ချား​ကို ခရီးသွား​လာ​ဖို့​အတွက်​သုံး​တာ​ကို လူ့​အခွင့်​အရေး​ချိုး​ဖောက်​တာ​ဆို​ပြီး ယူဆ​ခဲ့​ကြ​ပါ​တယ်။ ဒီ​တော့ အန်​ဆီ​ရာ​ဘဲ [မ​ဒ​ဂါ​စကား​ရှိ ဒုတိယ​အကြီး​ဆုံး​မြို့တော်]က မြို့တော်​ခန်းမ​မှာ “ဆိုက်​က​လို​ပေါက်​စဲ”လို့ခေါ်​တဲ့ စက်ဘီး​နဲ့​ဆွဲ​တဲ့​လန်​ချား​ကို စ​သုံး​ခဲ့​ကြ​ပါ​သေး​တယ်။ ဒါပေမဲ့​လည်း “ရိုးရာ” လန်​ချား​တွေ​က အန်​ဆီ​ရာ​ဘဲ ဒေသ​ခံတော်တော်​များ⁠များ​အတွက် အဓိက​သွား​လာ​ရေး​နည်း​အနေ​နဲ့ ဆက်​ရှိ​နေ​သေး​တာ​ပါ​ပဲ။

Ariniana posing with a rickshaw owner and his rickshaw in Antsirabe, Madagascar (with her permission)

မ​ဒ​ဂါ​စကား​ရှိ အန်​ဆီ​ရာ​ဘဲ​တွင် လန်​ချား​ပိုင်​ရှင်​နှင့် လန်​ချား​နှင့်​အတူ လန်​ချား​ဆွဲ​ဟန်လုပ်​န​ေ​သော အာ​ရီ​နီ​အိုက်​နာ။ ခွင့်​ပြု​ချက်​ဖြင့် သုံး​ထား​သည်။

အများ​ပြည်​သူ​သုံး​ယာဉ်​စနစ်​သည် အတိုးတက်​မြန်​လွန်း​သော မာ​လ​ဂါ​စီ လူ​ဦး​ရ​အေား အမီလိုက်​နိုင်​ရန် ကြိုးပမ်း​နေ​သည်။ သို့သော် အရေး​ပါ​သည့် စီးပွား​ရေး​ဆိုင်​ရာ ကန့်​သတ်​ချက်​များ​အား ထည့်​သွင်း​စဉ်းစား​လျှင် ထိုသို့ အမီလိုက်​နိုင်​ရန်​မှာ မျှော်​လင့်​နေ​ရုံ​သာ ရှိ​သည်၊ အယုတ်​စွ​ဆုံး အချိန်​အနည်းငယ်​ပေး​၍​တော့ စောင့်​ရ​ပေ​ဦး​မည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.