အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ဆန္ဒ​ပြ​နေ​သော မိ​ခင်​များ​အား တူရကီ​ရဲ​အရာရှိများကမျက်ရည်ယို​ဗုံး​များ​ဖြင့် အသုံးပြု​တိုက်ခိုက်

ကာဒစ်(ရှ်) နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံ သပိတ်မှောက်မှုသည် ၅⁠၅ရက်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ တူရကီနိုင်ငံတွင် ရာပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများသည် အစာငတ်ခံ သပိတ်မှောက်ခဲ့ကြပြီး ယင်းဆန္ဒပြမှုမှာ ဥရောပတိုက်တစ်ဝန်းနှင့် အထူးသဖြင့် တူရကီနိုင်ငံ အတွင်း၌  စုပေါင်းဆန္ဒထုတ်ဖော်မှုများအဖြစ် ဦးတည်နေခဲ့သည်။ ယမန်နေ့ [နိုဝင်ဘာ၄၊၂၀၁၂] နံနက်ခင်းပိုင်းတွင် အကျဉ်းသားအချို့၏ မိခင်များ လာရောက်စုဝေးကာ ဆန္ဒထုတ်ဖော်နေခဲ့ရာ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်နှိမ်နင်းခြင်းခံခဲ့ရသကဲ့သို့ ရေသံဗူးများဖြင့် ၎င်းတို့အပေါ် တိုက်ရိုက်ပက်ဖျန်းခြင်းလည်း ခံခဲ့ရသည်။ တူရကီ၏ အဓိက မီဒီယာများနှင့် အစိုးရပိုင်းဆိုင်ရာ ဝန်ကြီးများက ကာဒစ်(ရှ်)လူထု၏ မချုပ်တည်းနိုင်သော အမျက်ဒေါသအား မေ့လျော့နေသေးပြီး ၎င်းတို့၏ နိုင်ငံရေးအခြေချနိုင်မှုနှင့် စပ်လျဉ်းပြီး တူရကီ၏ ကာဒစ်(ရှ်)မေးခွန်းများအပေါ် လျစ်လျူရူမှုသည်လည်း အခြေအနေများအား  ပိုမိုဆိုးဝါးစေခဲ့သည်။

ကာဒစ်(ရှ်)ဒေသအများစုတွင်မူ စုဝေးဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ကာဒစ်(ရှ်)ဒေသများအတွင်း၌ အစာငတ်ခံ သပိတ်မှောက်မှုများအပေါ် အာရုံစိုက်ခြင်း ခံခဲ့ရသော်လည်း အဓိကမီဒီယာများမှ အစာငတ်ခံ သပိတ်မှောက်မှုများအပေါ် သတင်းပို့အစီအရင်ခံမှုများမှာမူ နည်းပါးလျက်ရှိနေသည်။ ကာ့(ဒ်)လူမျိုးများက မီဒီယာ သက်ရောက်မှု လစ်ဟာခြင်းများအပေါ် ဒေါသဖြစ်နေခဲ့ကြပြီး လူမှုကွန်ရက် ဝက်ဆိုက်ဒ်များတွင် ထုတ်ဖော်ပြောဆိုလျက်ရှိသည်။ လီဗာပူး(လ်)မှ ဟူလျာက ပြောသည်မှာ၊

@hulyaulas: သမိုင်းမှာ အကြီးဆုံး ကွာဒစ်နိုင်ငံရေး အကျဉ်းသားများရဲ့ အစာငတ်ခံ သပိတ်မှောက်မှုကို ကမ္ဘာ့မီဒီယာတွေက ဂရုမစိုက်တာခံနေရပါတယ်

ဒီအာမန်က ဖြည့်စွက်ပြောကြားသည်မှာ

@dirman95: အစာငတ်ခံသပိတ်မှောက်မှုက ၅၁ရက်ကျော်ခဲ့ပြီဆိုတာကို သိလိုက်ရပြီးတဲ့အချိန်မှာ ထမင်းစားဖို့ ခက်သွားတယ်၊ လောကကြီးက ဒီ့အတွက် ဘာမှ မလုပ်ခဲ့ကြပါဘူး စိတ်ပျက်စရာ အတော်ကောင်းပါတယ်

အယ်(လ်)ဂျာဇီးယား၏ The Stream သတင်းစဉ်သည် အစာငတ်ခံ သပိတ်မှောက်မှု၏ အတိမ်အနက်ကို သိသာထင်ရှားစေသည့် နိုင်ငံတကာထံ အသိပေးခဲ့သည့် တစ်ခုတည်းသော အဓိကမီဒီယာ တစ်ခု ဖြစ်ခဲ့သည်။ ၄င်းတို့က လူမှုမီဒီယာ တံခါးပေါက်များကို အသုံးပြုကာ အာရုံစိုက်မှုအား မြှင့်တင်ခဲ့သည်။  ဥပမာအားဖြင့် တွစ်တာတွင် လတ်တလော စာတိုပို့ခဲ့သည်မှာ

@ajstream ဘာဖြစ်လို့ တူကီမှာ ရှိတဲ့ အစိုးရနဲ့ မီဒီယာတွေက ကွာဒစ်နိုင်ငံရေးအကျဉ်းသားပေါင်း ၇၁၅ဦးရဲ့ အစာငတ်ခံ သပိတ်မှောက်မှုတွေကို လျစ်လျူရူခဲ့တာပါလဲ


အွန်လိုင်း တောင်းဆိုလွှာတင်ခြင်းတစ်ခု
အား လက်ရှိအချိန်ထိ ပါဝင်ကူညီသူ ၃၄၅၁ဦးဖြင့်  စတင်ခဲ့ပြီး တူရကီအစိုးရထံ အကျဉ်းသားများနဲ့ အပြုသဘောဆောင် ညှိနှိုင်းရန် တောင်းဆိုခဲ့သည်။ ဘာကလေမှ ဂျူဒစ်(သ်) ဘတ်တလာက မှတ်ချက်ပေးခဲ့သည်မှာလည်း

မတရားမျှတမှုအောက်မှာ နေထိုင်နေရကြောင်းကို ဖွင့်ဟပြောဆိုနိုင်ဖို့အတွက် တာကီအစိုးရဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အဲဒီအကျဉ်းသားတွေနဲ့ အတည်တကျ ပြောဆိုညှိနှိုင်းမှု ပြုလုပ်မှ ဖြစ်ပါမယ်


KurdishBlogger.com
ကလည်း အောက်ပါ ဓါတ်ပုံကို ဖေ့(စ်)ဘွတ်(ခ်)ပေါ်တွင် တင်ထားခဲ့သည်။

တူရကီနိုင်ငံတစ်ဝန်းရှိ ထောင်ပေါင်း ၆၇ခုတွင် အစာငတ်ခံဆန္ဒပြနေသော (အနည်းဆုံး ၆၈၂ဦးရှိသည့်) ကာ့(ဒ်)မောင်နှများအား ထောက်ခံမှုပြုလုပ်နေသော တောင်ကာဒစ်စတန်ရှိ စလီမာနီမှာ ကာ့(ဒ်)လူမျိုးများ

ထို့ပြင် တာရာ ဖာတေဟီ ဆိုသော သြစတြေးလျရှိ ကာ့(ဒ်)အရေး လှုပ်ရှားသူက သူ၏ နိုင်ငံတကာ အသိုင်းအဝိုင်းပေါ်တွင် ထားရှိသော အမျက်ဒေါသကို ဖော်ပြသွားခဲ့သည်။

ထောင်နဲ့ချီတဲ့ ကွာဒစ်နိုင်ငံရေးအကျဉ်းသားတွေက လွန်ခဲ့တဲ့ စက်တင်ဘာ ၁၂ရက် ကတည်းက အစာငတ်ခံ သပိတ်မှောက်နေခဲ့ကြပေမဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းက ငြိမ်သက်မြဲ ငြိမ်သက်နေကြပါတယ် ဒါဟာ လွတ်လပ်မှုအပေါ် ကာ(ဒ်)ရဲ့ ဆာလောင်မွတ်သိပ် တာပါပဲ၊ အယူအဆသစ်တစ်ခု မဟုတ်ပါဘူး။ ကာ့(ဒ်)လူမျိုးတွေက အခွင့်အရေး၊ ငြိမ်းချမ်းမှုနဲ့ လွတ်မြောက်မှုတွေအတွက် တိုက်ပွဲဝင်လာခဲ့တာ ဆယ်စုနှစ်တွေချီနေပါပြီ။ ဟာနယ်လောရေ ကက်(ခ်ျ)လာ ကတော့ ကာ့(ဒ်)ဒေသက “ဓားစာခံဖြစ်နေတဲ့ နိုင်ငံတစ်ခုပါပဲ”လို့ အကောင်းဆုံး ဆိုခဲ့တယ်။ နိုင်ငံတကာမီဒီယာ တွေက သင့်ကို ဒါဟာ အဗ္ဗဒူလာ အိုကလန် နဲ့ ပီကေ⁠ကေတွေရဲ့ ထုံးစံတစ်ခုပဲလို့ ထင်မြင်စေချင်နေတဲ့အချိန်မှာ တကယ်တော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ ဒါဟာ သူတို့ အခြေခံ လူ့အခွင့်အရေး ရဖို့အတွက် သူတို့ကိုယ်ပိုင် အမိမြေမှာ ကိုယ်တိုင် ကြိုးစားနေကြတာပါပဲ။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.