အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

တောင်​အာ​ရှ၊ ရေ​ကိစ္စ​နှင့် ပတ်သက်​၍ ဘ​လော့ဂ်​ရေး​သူ​များ ဆွေးနွေး​ချက်

ဘလော့ဂ်လှုပ်ရှားမှုနေ့ သည် အောက်တိုဘာ​လ ၁​၅​ရက်​၌ အကြောင်းအရာ​တစ်​ခု​တည်း​နှင့် ပတ်သက်​သည်​ကို တစ်​နေ့​တည်း​တွင် ရေးသား​လွှင့်​တင်​ကြ​သော ကမ္ဘာ​ဘ​လော့ဂ်​ရေး​သူ​များ​စုစည်း​ပြီး နှစ်စဉ်​ကျင်းပ​သော အစီ​အစဉ်​တစ်​ခု​ဖြစ်​သည်။ ယခု​နှစ် လှုပ်ရှား​ရန် အကြောင်းအရာ​မှာ “ရေ”ဖြစ်​သည်။ တောင်​အာ​ရှ​မှ ဘ​လော့ဂ်​ရေး​သူ များ​စွာ​သည်​လည်း ဤ​အစီ​စဉ်​တွင် ပါဝင်​ခဲ့​ကြ​သည်။ မည်​သည့်​အကြောင်းအရာ​များ​အား ဆွေးနွေး​ပြောဆို​ခဲ့​သည်​ကို ကြည့်⁠ကြည့်​ကြ​ပါ​စို့။

အိန္ဒိယ၊ မာ​မယ်​လ​ပူ​ရမ်​တွင် ရေ​ဖြည့်​ရန် အိုး​များ တန်း​စီ​ထား​သည်​ကို တွေ့​ရ​စဉ်။ ဖ​လစ်​ကာ​အသုံးပြု​သူ mckaysavage ၏ ဓာတ်​ပုံ။

အိန္ဒိယ

Wandering Mist မွ အစ်ရှ်ရတ်သရေးခဲ့သည်​မှာ

အိန္ဒိယမှ ရေသည် သမ္မု​တိ​ဝိ​ရော​ဓိ​သဘော​ဖြစ်​သည်။ နိုင်ငံ​၏ အကျယ်အဝန်း​အတွက် အစဉ်​အမြဲ အကျိုး​နဲ့ အပြစ် ဖြစ်လာ​ခဲ့​သည်။ မြောက်​အိန္ဒိယ​က ရေ​ကို မွေး​ထုတ်ပေး​သည်။ တောင်​အိန္ဒိယ​က စီး​ဆင်း​လာ​သော မြစ်​များ​အတွက် တိုက်ခိုက်​သည်။ အနောက်မြောက်​အိန္ဒိယ​မှာ​မူ ရေ​ပြတ်လပ်​နေ​သော သဲ​ကန္တာ​ရ​ဖြစ်​နေ​သည်။ ထို့​အပြင် အရှေ့​ပိုင်း အိန္ဒိယ​က​မူ မည်သို့​မျှ အကူအညီ​မ​ပေး​နိုင်​သော အမြင့်​ဆုံး မိုး​ရေ​ချိန်​ကို ပိုင်ဆိုင်​နေ​ပြန်​သည်။

၎င်း အချက်​များ​အပြင် အိန္ဒိယ​ရှိ ရေ​ဒုက္ခ​များ​တွင် သန့်ရှင်း​သော​ရေ​မ​ရ​ခြင်း၊ မ​လုံလောက်​ခြင်း၊ လက်သင့်​မ​ခံ​ခြင်း၊ လာဘ်​စား​ခြင်း၊ သယ်ယူ​ရ​ခက်​ခြင်း၊ သုံးစွဲ​ခြင်း၊ သေ​ဆုံး​မှု​နှင့် ရောဂါ​များ၊ ညစ်ညမ်း​ခြင်း၊ ရေ​ကို​မှီခို​နေ​သော တာဝန်​မ​ကျေ​သော စက်​မှု​လုပ်​ငန်း​များ နှင့် အခြား​အကြောင်း​ချက်​များ​စွာ ပါဝင်​နေ​သည်။

ကျွန်တော် တို့​သည် ရေ​အစ​ရှိ​သော သ​ဘာ​ဝ​ရင်း​မြစ်​များ​ကို အလွဲ​မ​သုံး​ဘဲ ကောင်း​စွာ​အသုံးပြု​သော အစီ​အစဉ်​တ​ကျ​ဘဝ​ကို မေ့​နေ​ခဲ့​ရ​ပြီ။ ထို​အချိန်​က အဆုံး​မ​ရှိ​နိုင်​သော ရေချိုး​ခန်း​မှ ရေပန်း​များ၊ ရေနွေး​ရေချိုး​ကန်​များ၊ မိုး​ရေ​အောက်​မှ ပျော်ပွဲ​ရွှင်​ပွဲ​များ၊ သို့မဟုတ် လျှော်​ဖွပ်​နေ​ချိန်း​အတွင်း ရေ​လာ​နေ​သည်​ကို သိ​နိုင်​ရန်​ဖွင့်​ထား​သော ရေကန်​ကြီး​များ မ​ရှိ​ခဲ့​ပါ။ ရေ​ကို သုံးစွဲ​မှု​အလိုက် အချိုး​ချခဲ့​ကြ​သည်။ အိမ်​တိုင်း​က ရေရ​ရှိ​ရန် တွင်းတူး​ခဲ့​ရ​ချိန်​တွင် ၂​၄​နာရီ ၇​ရက် ရေ​ပေး​ရ​မည်​ဆို​သော အယူ​အဆ​များ​လည်း မ​ရှိ​ခဲ့​ပါ။ ကျွန်တော်​တို့​သည် ဗ​ဟု​သုတ၊ အသိ​တရား​နှင့် တာဝန်​ကျေ​မှု​တို့​ကို သုံး​၍ ကမ္ဘာ​မြေကြီး​အား လောက​ငရဲ​အဖြစ်​သို့ ပြောင်း​ပစ်​နေ​ကြ​ခြင်း​သာ ဖြစ်​သည်။

ဒေလီစိမ်းလန်းရေးမှ အာစ်​သ ကူ​က​ရီ​တီ​က ရေ​ကို​ထိန်းသိမ်း​သုံးစွဲ​ရန် နည်း​လမ်း​၂​၅​သွယ်​ကို ပေးခဲ့ပါသည်။ အဘ္ဟ မိ​ဒ​က သတင်းပေးရေးသားခဲ့သည်​မှာ

အိန္ဒိယတွင် ဆူလဘ် လှုပ်ရှား​မှု သည် လူ​မှု​လုပ်​ငန်း တော်​လှန်​ရေး​ကို ယူဆောင်​လာ​ပေး​သည်။ ဒေါက်​တာ ဘင်​ဒတ်ရှ်​ဝါ ပ​သတ်က်​က စတင်​ခဲ့​ပြီး​နောက်​တွင် ဆူ​လဘ်​ရှိ အိမ်သာ​များ​သည် ဈေးနှုန်း​သက်သာ​ပြီး ပတ်ဝန်းကျင်​ထိန်းသိမ်း​နိုင်​သော နည်း​လမ်း​ကို ပေး​စွမ်းနိုင်​ခဲ့​ခြင်း​ပင် ဖြစ်​သည်။

နီ​ပေါ​နိုင်ငံ​ရှိ ရေ​ဖြန့်​ဝေ​ရာ​ဌာန။ Flickr အသုံးပြု​သူ Wayana Vota ၏ ဓာတ်​ပုံ။ CC BY-NC

နီပေါ၊

ဘုမိက ဂီ​မိုင်း​ယား​က နီ​ပေါ​နိုင်ငံ​၏ ရေ​အကြောင်း​ကို မီးမောင်းထိုးပြခဲ့သည်မှာ

ရေ အကျပ်အတည်း​သည် နီ​ပေါ​၏ ပတ်ဝန်းကျင်​ညစ်ညမ်း​မှု​နှင့် တိုက်ရိုက်​သက်ဆိုင်​နေ​ပါ​သည်။ ခတ္တ​မန္ဒု​မြို့တော်​တွင် တစ်​ပတ်​လျှင် ခြောက်​ရက် ရေ​မ​ရ​ရှိ​သော​နေရာ​များ​စွာ ရှိ​ပြီး တစ်​ဆင့်​ခံ​ဝယ်​လက်​များ​ထံ​မှ ဝယ်​ယူ​ရန်​ဖြစ်​စေ၊ ရေ​သန့်ရှင်း​မှု​ကို စောင့်​ကြည့်​စစ်ဆေး​ခြင်း​မ​ပြု​နိုင်​သော ဒေသ​တွင်းရေ​တွင်း​များ​နှင့် မြစ်​များ​ကို အား​ထား​ရန်​ဖြစ်​စေ ဖိ​အားပေး​ခံ​နေ​ရ​သည်။

အုဂ်ျဝယ် အချာ​ယ​က ကျွန်ုပ်​တို့​၏​နေ့စဉ်​ဘ၀​နှင့် ရေ​ဆက်​စပ်​နေ​ပုံ​ကို ဖော်​ပြ​သော ပုံတစ်ပုံကို တင်​ခဲ့​သည်

ပါ​ကစ္စ​တန်၊

ပြီး ခဲ့​သော​ရာ​စု​နှစ်​များ​တွင် ပါ​ကစ္စ​တန်​သည် အဆိုး​ဆုံး​ရေ​ကြီး​မှု​နှင့် ကြုံတွေ့​ခဲ့​ရသော်​လည်း ယင်း​ဒေသ​အချို့​သည် ခြောက်သွေ့​ကာ သဲ​ကန္တာ​ရ​ပုံ​ပြောင်း​ခြင်း​နှင့် ရင်ဆိုင်​နေ​ရ​သည်။ ပါ​ကစ္စ​တန်၊ ဘယ်​လို​ချိ​စ​တန်​မှ ဒေသ​ခံ​မိန်း​ကလေး​တစ်​ဦး​ဖြစ်​သော ခ​လီ​ထ ဘ​ရို​ဟိက ဒေသ​ခံ​များ​သည် ရာသီ​ဥတု​ပြောင်းလဲ​ခြင်း​အား ပထမ​ဆုံး​နှင့် အဆိုး​ဆုံး​ရင်ဆိုင်​ရ​ကြောင်း​ကို မှတ်စုပြုခဲ့သည်မှာ

ဘယ် လို​ချိ​စ​တန်​၏ ရိုးရာ​နေထိုင်​မှု​ပုံစံ​နှင့် စိုက်ပျိုး​မြေ​များ​ကို အသုံးပြု​ပုံ​တို့​သည် တ​ဖြည်း⁠ဖြည်း​နှင့် ပြောင်းလဲ​လာ​နေ​ခဲ့​သည်။ ခူရှ်​က​ဘ နှင့် ဆိုင်​လ​ဘ​တို့​၏ စိုက်ပျိုး​ရေး​နည်း​လမ်း​နှစ်​ခု​မှာ လမ်းလွှဲ​ခံ​လာ​ရ​သည်၊ ရေ​ကြီး​သည့်​ရေ​များ​ကို စိုက်ပျိုး​မြေ​များ​တွက် အသုံးပြု​ရန် နည်း​လမ်း​မှာ အလုပ်​ဖြစ်​ခြင်း​မ​ရှိ​ပေ။ အဘယ်​ကြောင့်​ဆိုသော် ရေ​လွှမ်းမိုး​မှု​သည် လား​ရာ​ပြောင်း​သွား​ခဲ့​ပြီး ယခု​အခါ ပညာ​ရှင်​များ​ပင်​လျှင် မည်​သည့်​ဒေသ​သည် ရေ​လွှမ်းမိုး​ခံ​ရ​မည်​ကို ခန့်​မှန်း​နိုင်​ခြင်း မ​ရှိ​တော့​ဘဲ ဘာ​လု​ချိ​စ​တန်​တောင်​ကြား​ရှိ​လူ​များ​အတွက် ကောင်း​ချီး​ဖြစ်​ခဲ့​ဖူး​သော တောင်တန်း​များ​သည် ယခု​အခါ သဘာ၀​ဘေး​အန္တရာယ်​၏ အန္တရာယ်​ဖြစ်​နေ​တော့​သည်။

ဆင်းဒ်​ရှိ သာ​ပါ​ကာ သဲ​ကန္တာ​ရ မာ​လီ​ယာ​ရွာ​၏ ရေတွင်း။ Flickr အသုံးပြု​သူ Kashif ၏ ဓာတ်​ပုံ။ CC BY

Fire Within ရှိ ဂျ​လယ် အိတ်ခ်ျ​ဘီ က ဆင်းဒ်သ်​ဒေသ​ရှိ သာ သဲ​ကန္တာ​ရ​မှ သောက်ရေ​များ​၏ မ​လုံလောက်​မှု​ကို ရေးသားခဲ့သည်မှာ

မိုးရွာ ပြီ​ဆို​လျှင် “တို​ဘ” ဟုခေါ်​သော လူ​နှင့်​တိရစ္ဆာန်​များ ရေ​အတူတူ​သောက်​ကြ​သည့် ပန်းကန်လုံး​ပုံ​သဏ္ဌာန် ရေတွင်း​ငယ်​များ​ထဲ​သို့ စီး​ဝင်​သည်။ ရေတွင်း​တူး​ရန် မ​ဖြစ်​နိုင်​၍ အခြား​နည်း​လမ်း​လည်း မ​ရှိ​ပေ။ တူး​၍​ရ​သည်​ဆို​လျှင်​ပင် ရေ​သည် အလွန်​ငန်​သော ဆား​ငန်​ရေ​သာ ဖြစ်​၍ မ​သောက်​သုံး​နိုင်​ပေ။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.