GlobalVoices in ပို​လေ့​လာ​ရန် »

ဆော်ဒီအမျိုးသမီးအာကစားသမားများ – အိုလံပစ်မှအပြန် တွစ်တာမုန်တိုင်းထန်

ဘာသာ​ပြန်​များယခု​အပုဒ်​ကို အောက်​ပါ​ဘာသာ​စကား​များ​တွင်​လည်း ဖတ်​ရှု​နိုင်​ပါ​သည်:

Malagasy · Ireo Atleta Vehivavy Saodiana - Natao Resa-be Tao Amin'ny Twitter, Taorian'ny Lalao Olympika
Svenska · Saudiarabiska kvinnliga atleter - Från OS in i Twitter-stormen
Ελληνικά · Σαουδική Αραβία: Εκτός Ολυμπιακών, στο μάτι του διαδικτυακού κυκλώνα
Español · Las atletas olímpicas sauditas generaron reacciones encontradas
Nederlands · Storm aan Twitter-reacties na optreden vrouwelijke Saudische atleten op Spelen
Italiano · Atlete saudite: fuori dalle Olimpiadi, gran successo su Twitter
Français · Les sportives saoudiennes, de la trêve olympique à la tempête sur Twitter
English · Female Saudi Athletes - Out of the Olympics, Into the Twitter Storm

ဤအပုဒ်သည် ၂၀၁၂လန်ဒန်အိုလံပစ် အထူးရေးသားခြင်းအနက်မှ တစ်ပုဒ်ဖြစ်သည်။

အိုလံပစ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက်၊ သမိုင်းတွင် ပထဦးဆုံးဖြစ်လာသော ဆော်ဒီအမျိုးသမီး အားကစားသမား ဆာရာ အတ္တာ(Sarah Attar) နဲ့ ဝိုဒန် ရှာခန်နီ(Wojdan Shahrkhani) တို့သည် ဆော်ဒီ၏ တွစ်တာရပ်ဝန်းတွင် တုံ့ပြန်မှုမုန်တိုင်းများနှင့် ကြုံတွေခဲ့ရသည်။

အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် နောက်ဆုံးနေရာမှဖြစ်ခဲ့သော်လည်း ဆာရာ(Sarah) သည် ပရိတ်သတ်၏ အားပေးမှုများစွာကို ရရှိခဲ့ပြီး သူ၏နာမည်သည် တွစ်တာပေါ်တွင် ရေပန်းစားသော အကြောင်းအရာဖြစ်လာသည်။

စိတ်ဓာတ်ခွန်အား

အောက်တွင်ဖော်ပြထားတာသည်မှာ ဆော်ဒီတွစ်တာအသုံးပြုသူတစ်ဦးက အားကစားသမားနှစ်ဦးစလုံးအတွက် ထောက်ခံအားပေးထားသော တွစ်တာစာတိုနမူနာများပင် ဖြစ်သည်။

"It's not the winning but the taking part" #SaraAttar 1st female Saudi athelete to compete ever! #olympicmoments - Twitter comment by @DIAstyle, who shares this photograph on Twitter

အနိုင်အရှံုးသည် သာမည ယှဉ်ပြိုင်ခြင်းသည်အဓိက #SaraAttar ထာဝရယှဉ်ပြိုင်နေမယ့် ပထမဆုံး ဆော်ဒီ အမျိုးသမီးအားကစားသမား
#olympicmoments – ဤပုံကို တွစ်တာပေါ်တွင် မျှဝေခဲ့သောာ @DIAstyle ပေးခဲ့သည့် တွစ်တာမှတ်ချက်။

Ali Khadra writes:

အလီ ခဒရာ ရေးသည်မှာ၊

@aykcanvas၊ အမြဲတမ်းရွှေဆိုတာချည်းမှမဟုတ်ပါဘူး။ မင်းလုပ်ခဲ့တာက ပိုပြီးကြီးကျယ်ပါတယ်။ ကျေးဇူးတင်ပါတယ် #SaraAttar #Wejdan

#Wijdan. ကျေးဇူး #KSA. နောက်ကျတာက #2012Olympics လုံးဝမရောက်တာထက်စာရင် ပိုကောင်းပါတယ်။

ဘဒါ အလ်ဂျီဟာနီက  ဂုဏ်ယူစွာပြောသည်မှာ၊

@BooDzJ၊ #SaraAttar ဆော်ဒီအားကစားအဖွဲ့မှာ ပါဝင်တဲ့သူတွေအားလုံးထက်ပိုပြီး မင်းနဲ့ ဝိုဒန် အတွက် ငါတို့ဂုဏ်ယူပါတယ်။

ဆာရာ အတ္တာ ကိစ္စဟာ [တွစ်တာပေါ်မှာ]ကမ္ဘာ့အဆင့် ရေပန်းစားနေပြီ။ :) #SaraAttar။ တွစ်တာပေါ်က @WordWizard ရေးထားခြင်းဖြစ်သည်။ သူက စကရင်ပုံရိပ်ကိုလည်း မျှဝေထားသည်။

ပြီးနောက် နဒအဘူက ကတိပြုသည်မှာ၊

@NadaAbu တစ်နေ့မှာ ငါ့ကို တီဗွီဖန်သားပြင်ပေါ်မှာ အောင်မြင်သူတစ်ယောက်အနေနဲ့ တွေ့ရစေမယ်။ စိတ်ဓာတ်ခွန်အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ #SaraAtta http://twitpic.com/agw7nn

မင်း ငါတို့ကို သိက္ခာချတယ်

အခြားတစ်ဖက်တွင် ဆော်ဒီမှ တွဒ်တာ အသုံးပြုသူအချို့က အားကစားသမား နှစ်ဦးပါဝင်ခဲ့မှုကို ဆန့်ကျင်ခဲ့ကြပြီး အားကစားသများ၏ မိသားစုနှင့် အာဏာပိုင်များကို ဘုရင့်နိုင်ငံတော် အမည်နဲ့ဂုဏ်သိက္ခာကို ကျဆင်းစေရန် ခွင့်ပြုခဲ့သည်ဟုဆိုကာ အပြစ်တင်ခဲ့သည်။

ထိုတွစ်တာအသုံးပြုသူများအနက် တစ်ဦးဖြစ်သူ ဖိုင်ဆယ် အဘူ(သ်)နင်[ar]က ရေးသည်မှာ

@FaisalAbuthnain:سارة عطار تتوقعين الي يصفق لك او يشكرك على إنجازك الكبير؟ بل فرحة بكسرك لخصوصية مجتمعك وتعاليم دينك ونصائح عقلائه وتمردا على حجابك!!
ဆာရာ အတ္တာ၊ မင်းကိုအားပေးတဲ့သူတွေဟာ မင်းရဲ့ မဟာအောင်မြင်မှုကြီးကြောင့် အားပေးကြတယ်လို့များထင်နေသလား။ မဟုတ်ဘူးကွ။ အဲဒါဟာ ဘာလို့လဲဆိုတော့ မင်းဟာ မင်းရဲ့ လူ့အဖွဲ့အစည်း စည်းကမ်းတွေကို ချိုးဖောက်တယ်၊ မင်းဘာသာတရားရဲ့ သင်ကြားမှုတွေကို ချိုးဖောက်တယ်၊ မင်းလူ့အဖွဲ့အစည်းက ပညာရှိတွေရဲ့ စကားတွေကို မလိုက်နာဘူး၊ ပြီးတော့ မင်းရဲ့ ဟိုင်ဂျပ်(ဘ်) စည်းမျဉ်းတွေကို ချိုးဖောက် လို့ပဲ။

ဇိန်းဘီသည အားကစားသမားနှစ်ဦးကို hashtag လုပ်ထားခြင်းအးာ သူဖတ်ရှုရသည်နှင့်ပတ်သက်ပြီး တုန်လှုပ်သွားခဲ့ကာ ပြောဆိုထားသည်မှာ၊

@ZainB:مسكينة #وجدان_شهرخاني دخلت الهاشتاق فوجدتها تتعرض لثلاث انواع من العنصرية: ١- العنصرية المناطقية ٢- العنصرية القبلية ٣- العنصرية ضد المرأة

သနားစရာ ဝိုဒန်(Wijdan) ရယ်။ ကျွန်တော် ဖတ်ရသမျှ သူ့ရဲ့ hashtag တွေထဲမှာ သုံးမျိုးတွေ့တယ်။ (၁) ဒေသစွဲ (၂) လူမျိုးစွဲ နဲ့ (၃) လိင်စွဲ တွေပဲဖြစ်ပါတယ်။

ဒေါက်တာ မိုဟာမက် အလ်ဘာရက်ခ် ဝေဖန်ထားသည်မှာ၊

@mohamdalbarrak:أشد من فعل المنكر أن يدافع الإنسان عنه ويعتبره معروفا ويحاول جاهدا أن يبحث له عن مبررات مثل الذين يدافعون عن #سارة_العطار و #وجدان_شهرخاني

အပြစ်ကျူးလွန်တာထက် ကျူးလွန်တာကိုအားပေးတာက ပိုဆိုးပါတယ်။ ဆင်ခြေဆင်လက်တွေရှာပြီး ဆာရာနဲ့ ဝိုဒန် ဘက်က ရှေ့နေလိုက်ဖို့ကြိုးစားနေသူတွေ လိုပေါ့ဗျာ။

နောက်ဆုံးမှာတော့ နူရာက နှိုင်းနှိုင်းဆဆ ပြောသွားသည်မှာ၊

@noura_aljadaan၊ #SaraAttar ကို လှောင်ရယ်နေတဲ့သူတွေကို မမေ့ဖို့ပြောချင်တာကတော့ ဒီကကျောင်းတွေမှာ မိန်းကလေးတွေကို အားကစားကိုမသင်ကြားပေးတဲ့အတွက် အဲဒီကိုသွားပြိုင်နိုင်တာဟာ အောင်မြင်မှုတစ်ခုဆိုတာပါပဲ

ဤအပုဒ်သည် ၂၀၁၂လန်ဒန်အိုလံပစ် အထူးရေးသားခြင်းအနက်မှ တစ်ပုဒ်ဖြစ်သည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.


ကမ္ဘာ့​ဒေသ​များ

နိုင်ငံ​များ

ဘာသာ​စကား​များ

အထူး​အကြောင်းအရာ​များ

ဤ​စာ​တွင်​ပါဝင်​သည်​များ​မှာ