အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ယူဂန်ဒါ၊ အမည်မသိအဖွဲ့မှ လိင်တူချစ်သူအခွင့်အရေးကို ထောက်ခံအားပေး၊ အစိုးရဝက်(ဘ်)ဆိုက်များကို တိုက်ခိုက်

“အမည်မသိ” ဆိုသောနာမည်ဖြင့် အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာဆိုင်ရာ အချက်အလက်များ ခိုးဖောက်၀င်ရောက်သူ အဖွဲ့ တစ်ဖွဲ့သည် ယူဂန်ဒါ နိုင်ငံပိုင် ၀န်ကြီးချုပ်၀က်ဘ်ဆိုဒ်ကို ခိုးဖောက်၀င်ရောက်ခဲ့သည်။ ထိုအဖွဲ့သည် ယူဂန်ဒါနိုင်ငံ၏ လိင်တူချစ်သူများ၊ ကျားမပြောင်းသူများ၊ လိင်ပြောင်းသူများ နှင့် ဖိုစိတ်မစိတ်မသဲကွဲသူများ (LGBTI) ဆိုင်ရာ လူမှုရေးစည်ကမ်းများနှင့် တရားဥပဒေအချက်အလက်များ သိမ်းဆည်းထားသော Database ကိုလည်း ဖောက်ဖျက် ခိုးယူသွားကြသည်။

အမည်မသိ အဖွဲ့သည် ၂၀၀၃ ခုနှင်တွင် စတင်ခဲ့သော ပေါ့ပါးစွာဖွဲ့စည်းထားသည့် ကွန်ပျူတာဆိုင်ရာ အချက်အလက်များ ခိုးဖောက်၀င်ရောက်သည့် အဖွဲ့ဖြစ်သည်။

ယင်းအဖွဲ့သည် ၀န်ကြီးချုပ် ၀က်ဘ်ဆိုဒ်ကိုထိန်းချုပ်၍ ယူဂန်ဒါနိုင်ငံ၏ ပထမဆုံး လိင်တူချစ်သူတန်ဖိုးမြှင့်တင်ရေး နှင့် တရား၀င်အသိမှတ်ပြုရေးပွဲ ရက်သတ္တပတ်မှ ဓါတ်ပုံများကို ထို၀က်ဆိုဒ်ပေါ်တွင် တင်ခဲ့ကြသည်။ လိင်တူချစ်သူများသို့ ၀န်ကြီးချုပ်ထံမှ တောင်းပန်စာကိုလည်း ဖန်တီးတင်ခဲ့ကြသည်။ ထို့အပြင်ယူဂန်ဒါ၏ လူမှုရေး နှင့် ဥပဒေရေးရာ အချက်အလက်များ ဆိုင်ရာ လုံခြုံရေးကုဒ်နံပါတ်များကိုလည်း ဖော်ထုတ်ပြခဲ့ကြသည်။

ခိုးဖောက်ဝင်ရောက်ခံထားရသော ယူဂန်ဒါနို်ငငံဝန်ကြီးချုပ်ဝက်(ဘ်)ဆိုက်

အစိုးရမှ လိင်တူချစ်သူများကို အများပြည်ကဲ့သို့ တန်းတူညီတူ မဆက်ဆံသရွေ့ ၄င်းတို့၏ ယူဂန်ဒါအစိုးရ၀က်ဘ်ဆိုဒ်များ နှင့် ဆက်သွယ်ရေးများ အပေါ် အဓိကထားတိုက်ခိုက်မှု ယူဂန်ဒါစီမံချက်များကို လုပ်ဆောင်နေဦးမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ပထမဆုံး လိင်တူချစ်သူ တန်ဖိုးမြှင့်တင်ရေးပွဲကို အန်တက်(ဘ်) မြို့တွင် အောဂုတ်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သည် ။ ထိုပွဲသည် အန်တက်(ဘက်)တွင် ဆက်တိုက်ကျင်းပသော ပွဲစဉ် ပါတီ နှင့်တကွ ကမ်ခြေ၀တ်စားလမ်းလျှောက်ပွဲ များ ၊ရုပ်ရှင်ပွဲတော် များကိုပါ တပါတည်း ကျင်းပခဲ့ကြသည်။

အမည်မသိအဖွဲ့၏ အမှတ်တံဆိပ်။ ထိုပုံကိုရေးဆွဲသူ အမည်မသိဖွဲ့မှ မူပိုင်ခွင့် မထားဘဲ ထုတ်ဝေခဲ့သည်။

၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁၄ရက်နေ့တွင် လွှတ်တော် အမတ်တစ်ဦးဖြစ်သော ဒေးဗစ် ဘာဟတီသည် လိင်တူချစ်ခြင်း နှင့် လိမ်တူဆက်ဆံသည်ဟုယူဆရ သူများအား သေဒဏ် ချမှတ်ရန် သို့မဟုတ် တသက်တစ်ကျွှန်း ပြစ်ဒဏ်ချမှတ်ရန်ဟူသော လိင်တူချစ်သူဆန့်ကျင်ရေး ပြစ်ဒဏ် (မိန်မလျာများကို သတ်သော ပြစ်ဒဏ်ဟုလည်း လူသိများသည်)ကို စတင်သတ်မှတ်ခဲ့သည်။ ထိုပြစ်ဒဏ်ကို ခုခံဆန့်ကျင်သူများ၊ အကြမ်းဖက်ကန့်ကွက်မှု များ ရှိခဲ့ပြီးနောက် ယခုနှစ် ဖေဖော်၀ါရီလတွင် ဘာဟတီက ထိုပြစ်ဒဏ်ကို အနည်းငယ် ပြန်လည်ပြုပြင်သတ်မှတ်ခဲ့သည်။

“အမည်မသိ” အဖွဲ့မှ ၂၀၁၂ခုနှစ်၊ ဩဂုတ်လ ၁၄ရက်၊ နေ့တွင် ပြောကြားခဲ့သည်မှာ

ဒီနေ့ ၀န်ကြီးချုပ်၀က်ဘ်ဆိုဒ်ကို ခိုးဖောက်၀င်ရောက် ထိန်းချုပ်ခဲ့မှုဟာဆိုရင် ယူဂန်ဒါ အစိုးရရဲ့ လိင်တူချစ်သူများကို ရာဇ၀တ်သင့်စေခြင်း အပေါ် တန်ပြန်တုံ့ပြန်ခဲ့တဲ့ ယခုနောက်ဆုံးဆောင်ရွက်ချက် ဖြစ်ပါတယ်

အခု ယူဂန်ဒါသမ္မတရဲ့ ဝက်(ဘ်)ဆိုက်ကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်နေပြီ။

ရက်စက်ကြမ်းကြုတ်ပြီး အကျင့်ပျက်ခြစားနေတဲ့ အစိုးရက ယူဂန်ဒါလူမျိုး လိင်တူချစ်သူတွေကို တရားခံရှာ၊ အလွဲသုံးပြီး သတ်ဖြတ်နေတဲ့အချိန်မှာ ကျွန်တော်တို့က ရပ်ကြည့်နေမှာ မဟုတ်ပါဘူး။ #TheEliteSociety (အထက်တန်း လူမှုအသိုင်းအဝိုင်း) နဲ့ #Anonymous (အမည်မသိ) အဖွဲ့တွေက ယူဂန်ဒါအစိုးရက လိင်တူချစ်သူတွေအပါအဝင် လူတိုင်းကို လေးလေးစားစား၊ ဖြောင့်ဖြောင့်မတ်မတ်နှင့် တန်းတူဆက်ဆံပြီး လိင်တူချစ်သူများကို ဖမ်းဆီထောင်ချ အရှက်ရအောင်လုပ်တာတွေ မရပ်တန့်သရွေ့ ယူဂန်ဒါအစိုးရပိုင် ဆိုက်တွေကို ပစ်မှတ်ထားနေဦးမှာပဲ ဖြစ်တယ်။

အမည်မသိအဖွဲ့၏ လှုပ်ရှားမှုများသည် ယူဂန်ဒါရှိ လိင်တူချစ်သူများအရေး တက်ကြွလှုပ်ရှားသူများအား ထိခိုက်လာမည်ကို စိုးထိတ်နေသည်။

လိင်တူချစ်သူ ဆန့်ကျင်ရေးသမားဖြစ်တဲ့ ယူဂန်ဒါအစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုအကုန်လုံးကို ကျွန်တော်အားပေးထောက်ခံနေပေမဲ့  ဒီကိစ္စက တန်ဖိုးမြှင့်တင်ပွဲမှာတုန်းက သတ္တိရှိရှိနဲ့ သူတို့မျက်နှာတွေထုတ်ပြခဲ့တဲ့ လိင်တူချစ်သူများအသိုင်းအဝိုင်းက တက်ကြွလှုပ်ရှားသူတွေကို နောက်ပြန်သွားစေမှာကိုတော့ စိုးရိမ်မိပါတယ်။

ယူဂန်ဒါ လိင်တူချစ်သူ အသိုင်းအဝိုင်းက ပါဝင်ပတ်သက်နေတဲ့ ဒီထိခိုက်လွယ်တဲ့ ကိစ္စရပ်တွေကို သူတို့တွေ မစဉ်းစားမိခဲ့ဘူးရယ်လို့ စိုးရိမ်တာပါ။

နိုင်ငံတကာ လိင်တူချစ်သူများအရေး တက်ကြွလှုပ်ရှားသူ ဗာ(လ်)ကာလမ်း(ဒ်)က  မယ်လန်နီကို အောက်ပါအတိုင်း ပြောကြားခဲ့သည်။

ကျွန်တော် ပြောချင်တာကတော့ အမည်မသိအဖွဲ့ဟာ ယူဂန်ဒါ လိင်တူချစ်သူအရေး ဆောင်ရွက်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ သူတို့ လုပ်ချင်တာကို လုပ်တဲ့အပြုအမူကိုပါပဲ ။ SMUG [ယူဂန်ဒါ လိင်မှုရေးရာလူနည်းစု အဖွဲ့အစည်း] ဒါမှမဟုတ် အဲလိုမျိုး တခြား အဖွဲ့အစည်းတွေ သူတို့ကို ဒီလိုစေခိုင်းလို့လား။ သူတို့ရဲ့ လုပ်ရပ်က ယူဂန်ဒါလူမျိုးတွေအပေါ် ဘယ်လိုသက်ရောက်စေမလဲ ဆိုတာကို နားမလည်လို့ပဲလား။ ကျွန်တော်သူတို့ရဲ့ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ချင်ပါတယ်။ သူတို့ သူများတွေဆီက အကြံညဏ်ယူဖို့ လိုနေပြီ။ ကောင်းစေချင်တဲ့ ဆန္ဒနဲ့ လုပ်ဆောင်တာဖြစ်ပေမဲ့ က တကယ်တက်ကြွဆောင်ရွက်နေတဲ့သူတွေကိုကို ပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။ လိင်တူချစ်သူတွေကို ကူညီချင်လို့ဆိုပြီး အစိုးရ ၀က်ဘ်ဆိုဒ်ကို ခိုးဖောက်၀င်ရောက်တယ်လား။ ဘယ်သူက အဲဒီလိုလုပ်တာလဲ ။ အခုလို ပြင်းထန်တဲ့ထိရောက်မှုတွေ ဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို ရပ်ကိုရပ်သင့်ပြီလို့ ထင်ပါတယ်။  ဖိုမစိတ်ပြောင်းသူများအရေးကို တကယ်တက်ကြွဆောင်ရွက်နေသူများနဲ့ ဆွေနွေးဖို့ အကြံပေးချင်ပါတယ်။

နသန်ကလည်း ၀က်ဘ်ဆိုဒ်ပေါ်တွင် အဖွဲ့မှ အသုံးပြုထားသော ဓါတ်ပုံသည် အန္တရ့ာယ်များကြောင်း ထောက်ပြပြောဆိုခဲ့သည်။

အမည်မသိ အဖွဲ့က အသုံးပြုခဲ့တဲ့၊ အခုဆို အင်တာနက်တခုလုံး ပြန်နှံ့နေပြီဖြစ်တဲ့ ဓါတ်ပုံက အန္တရာယ်များပါတယ် ၊ အခုလို ၀တ်စားပုံမျိုးနဲ့ပုံကို မသုံးသင့်ပါဘူး။ အမည်မသိအဖွဲ့ကို ပြန်ကုစားဖို့ တွစ်တာစာတို့ ပိုခဲ့ပါတယ်။ G-d က ဒီအချိန်မှာ ဘယ်လိုမျိုးပြောင်းလဲရတယ်ဆိုတာ နားလည်ပါလိမ့်မယ်။

အမည်မသိအဖွဲ့ က အဲဒီဓါတ်ပုံတွေကို ခွင့်ပြုချက်မရဘဲ သုံးခဲ့ပုံရပါတယ်။ သူတို့ရဲ့ ယူဂန်ဒန် မိန်းမလျာများကို ကူညီစေလို့တဲ့ဆောင်ရွက်မှုကလည်း တကယ့်အပြင်ကနေ ရဲရဲရင့်ရင့် ကြိုးစားဆောင်ရွက်နေသူတွေကို အန္တရာယ်တွင်းထဲရောက်စေတာပါပဲ။

၄င်းအဖွဲ့၏ တွစ်တာအကောင့်တစ်ခုမှ ၄င်းတို့၏ လုပ်ဆောင်ချက်ကို အောင်ပါအတိုင်း ခုခံပြောဆိုထားသည်ကို တွေ့ရသည်။

@DramaSett3r: @danlittauer @PinkNinj4 @gaystarnews ငါတို့ရဲ့ #OpFuckAfrica  #OpFuckUganda စီမံကိန်းတစ်ခုလုံးက လိင်တူချစ်သူတွေကို ခုခံကာကွယ်ဖို့ အပြည့်အဝ အခြေခံထားတာလို့ ငါဖြည့်စွက်ပြောချင်တယ်။

အမည်မသိအဖွဲ့မှ ယူဂန်ဒါ ငရုတ်ကောင်းနီ သတင်းစာ၀က်(ဘ်)ဆိုဒ် ၊ စတော့ လဲလှယ်မှု ၀က်(ဘ်)ဆိုဒ် နှင့် အကျဉ်းထောင် ၀န်ဆောင်မှု ဆိုင်ရာ ၀က်(ဘ်)ဆိုဒ် များကို ပစ်မှတ်ထားရှိကြောင်း ဖော်ပြထားသော မှတ်တမ်းများလည်း ရှိသည်။။ ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် ငရုတ်ကောင်းနီမှ ယူဂန်ဒန် လိင်တူချစ်သူဟု ယူဆရသူများ၏ အမည်များကို ထုတ်ဝေဖော်ပြခဲ့သည်။

@PinkNinj4: @RedPepperUG > http://www.prisons.go.ug ပျက်စီးနေပြီ၊ မင်းတို့ရဲ့ စတော့ပြောင်းလဲဈေးကွက် ခိုးဖောက်ခြင်းခံလိုက်ရပြီ :O prisons.go.ug http://pastebin.com/EMRnviLx #OpFuckUganda

@PinkNinj4: ohai @RedPepperUG မင်း လိင်တူချစ်သူ နာမည်တွေနဲ့ လိပ်စာတွေကို ၂၀၀၉ ခုနှစ်မှာ ဖော်ပြခဲ့တာ မှတ်မိသေးလား? ငါတော့မမေ့သေးဘူး 🙂 အခု မင်းဆိုက်က ကြမ္မာဆိုး၀င်ပြီ x #OpFuckUganda

အမည်မသိအဖွဲ့၏ အာဖရိကရှိ အခြားလုပ်ဆောင်ချက်များကို ဤနေရာတွင် ကြည့်နိုင်ပါသည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.