အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

တောင်​ကို​ရီး​ယား၊ အငြင်း​ပွား​ဖွယ် အွန်​လိုင်း​တေး​ဂီ​တ​ဗီ​ဒီ​ယို သတ်​မှတ်ချက်​စနစ် စတင်

တောင်ကိုရီးယား အာဏာပိုင်များသည် အွန်လိုင်းတွင်တင်နေသော ဂီတဗီဒီယိုများအတွက် အဆင့်သတ်မှတ်ချက်စနစ်အသစ်တစ်ခု[en]ကို စတင်လိုက်သည်။ ထိုစနစ်အသစ်အရ ဂီတဗီဒီယိုတိုင်း[en]နှင့် (သို့မဟုတ် အရောင်းမြင့်တင်ရေး ဗီဒီယို) ရုပ်ရှင်ထွေလာများကိုပင်လျှင် မတင်မီတွင် အဆင့်သတ်မှတ်ရမည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် ပျက်ကွက်ပါက ထောင်ဒဏ်နှစ်နှစ် သို့မဟုတ် ကြီးလေးသော ဒဏ်ကြေးငွေကို ဆောင်ရမည်ဖြစ်သည်။

အနုပညာရှင်များနှင့် တောင်ကိုရီးယား အင်တာနက်အသုံးပြုသူများက လူမှုရေးရာအကြောင်းအရာများအတွက် ပြုပြင်ထားသော ဆင်ဆာပုံစံတစ်မျိုးဖြစ်ပြီး လွတ်လပ်စွာဖော်ပြခွင့်ကို ဆန့်ကျင်နေသည်ဟု တံဆိပ်ကပ်ပေးလိုက်ကြသည်။ ၂၀၁၂ခုနှစ်၊ ဩဂုတ်လ ၁၈ရက်နေ့မှစ၍ ထိုစနစ်ကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

အွန်လိုင်းနယ်ပယ်သို့ ချဲ့ထွင်လာသော ဆင်ဆာဖြတ်ခြင်း

ယခင်က ရုပ်မြင်သံကြားဌာနများသာလျှင် ဂီတဗီဒီယိုများ ထုတ်လွှင့်ပြသမှုအတွက် တာဝန်ရှိခဲ့ပြီး ဥပဒေအသစ်မှာ ယူကျူ့၊ ဘလော့(ဂ်)များနှင့် အင်တာနက် ကြော်ငြာဘုတ်များအပါအဝင် အွန်လိုင်းနယ်ပယ်တွင် ထုတ်လွှင့်သမျှ ဗီဒီယိုကားအားလုံအတွက် ဆင်ဆာဖြတ်ခြင်းကို သက်ရောက်စေသည်။ ထိုဥပဒေသည် အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းများ၏ ဗီဒီယိုများနှင့် အမျိုးမျိုးသော ဂီတနှင့် ဗီဒီယိုအတိုကားငယ်များအတွက်ပင် အကျုံးဝင်သည်။

အာဏာပိုင်များက ယင်းကန့်သတ်ချက်အသစ်သည် လူငယ်များနှင့် လွှမ်းမိုးခံရလွယ်သော ပရိသတ်များအား မတင့်တယ်သော (သို့မဟုတ်) အကြမ်းဖက် ဂီတဗီဒီယိုများ စီးဆင်းမှုမှ ကာကွယ်ပေးရန် ဖြစ်သည်ဟု ငြင်းချက်ထုတ်ခဲ့သည်။ အချို့က ခန့်မှန်းသည်မှာ[ko] ကိုရီယားမီဒီယာ အဆင့်သတ်မှတ်ရေး ဘုတ်အဖွဲ့က “၁၉နှစ်အောက် ကလေးများ မကြည့်ရ”ဟု သတ်မှတ်ထားသော ဗီဒီယိုများကို လူထုပရိသတ်များ မကြည့်နိုင်စေရန် စတင်လုပ်ဆောင်ပြီး အရှည်တွင် (မီဒီယာကျွမ်းကျင်သူ တစ်ဦး စိတ်ပူပန်သကဲ့သို့) နိုင်ငံသားတိုင်းကို အွန်လိုင်းသို့ မည်သည့်အရာတင်သည်ဖြစ်စေ မတင်မီတွင် ခါင့်ပြုချက်တောင်းခံစေရန် (သို့မဟုတ်) အနည်းဆုံး ခွင့်ပြုချက်ကို ထည့်သွင်းစဉ်းစားစေရန် ဆောင်ရွက်လိမ့်မည် ဟူ၍ဖြစ်သည်။

Image of censorship, by Flickr user Isaac Mao (CC BY 2.0).

ဆင်ဆာဖြတ်ခြင်းကို ဖော်ပြထားသော ဓာတ်ပုံ၊ ဖလစ်ကာ အသုံးပြုသူ အိုင်းဇက် မောင်း၏ ဓာတ်ပုံ (CC BY 2.0)

တေးဂီတ အရောင်းမြှင့်တင်ရေးနယ်ပယ်တွင် အလုပ်လုပ်နေပြီး အသက်(၂၈)ရှိပြီးဟု မိမိကိုယ်ကိုယ်ဖော်ပြထားသော အင်တာနက် အသုံးပြုသူတစ်ဦးက သတ်မှတ်ချက်စနစ်ကို ဆန့်ကျင်သော အွန်လိုင်းဆန္ဒထုတ်ဖော်မှု[ko]ကို စတင်ဆောင်ရွက်ခဲ့သည်။ ထိုဆန္ဒထုတ်ဖော်မှုသည် ထောက်ခံသော လက်မှတ်ပေါင်း ၁၀၀၀၀ကျော် စုစည်းရရှိထားပြီး ဖြစ်သည်။ ထိုဆန္ဒထုတ်ဖော်မှုတွင် ဖော်ပြထားသည်မှာ

지금 대한민국의 실태는 민주주의가 그리 크게 보여지지 않고 있습니다. 표현의 자유에 대한 무차별적인 탄압. 무엇만 하면 청소년 유해매체 지정.  납득이 안가는 사유로 창작 예술인들의 사기를 꺽어버리고 있습니다.  그러던 도중 공산주의국가에서나 벌어질법한 법이 계정되었습니다.  바로 영등위에서 공포한 뮤직비디오 등급분류제도입니다.[…] 검열을 거치지 않은 뮤직비디오를 게시할경우엔 벌금 2000만원이나 징역2년 이하의 처벌을 받게된다고 합니다. 우리나라의 음주운전의 최고형은 벌금 1천만원에서 징역 1년 정도 입니다.그런 범죄를 저지른 사람들보다 못한 취급을 받게 되었습니다.[…] 이거 마저 그냥 넘기면 나중엔 공연포스터,앨범의 자켓,공연티켓 까지 검열을 받는 법이 생겨나지 않으리라는 장담하지 못합니다.

ဒီမိုကရေစီရဲ့ ွှအနှစ်သာရကို ကိုရီးယားမှာ ရှာဖွေဖို့တော့ တော်တော်ခက်ခဲနေပါပြီ။ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ခွဲခြားမသတ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ အများကြီး ရှိနေပါတယ်။ အာဏာပိုင်တွေက လူ့ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ချဉ်းကပ်ပုံတိုင်းကို ကလေးတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ တံဆိပ်ကပ်ပြီး အနုပညာရှင်တွေရဲ့ ကျင့်ဝတ်သိက္ခာကို အောင်အောင်မြင်မြင် ချောင်ထိုးထားလိုက်ပါတယ်။ အခုဆို ကွန်မြူနစ်နို်ငငံတွေနဲ့ပဲ ပို့သင့်တော်မယ့ တေးဂီတဗီဒီယို သတ်မှတ်ချက်စနစ်လို့ခေါ်တဲ့ ပြစ်ဒဏ်ကို ပြဌာန်းလိုက်ပြန်ပါပြီ။ […] ဆင်ဆာမဖြတ်ထားတဲ့ ဂီတဗီဒီယိုကို အွန်လိုင်းမှာ တင်တဲ့အခါ တင်တဲ့သူတွေက ထောင်ဒဏ်နှစ်နှစ် ဒါမှမဟုတ် ကိုးရီးယားဝမ် သန်းနှစ်ဆယ် (အမေရိကန်ဒေါ်လာ ၁၇၇၆၀) ဒဏ်ကြေးပေါ်ရနို်ငပါတယ်။ မူးယစ်ဆေးသုံးစွဲပြီး ယာဉ်မောင်းရင်တောင် အကြီးဆုံးပြစ်ဒဏ်က ထောင်တစ်နှစ် ဒါမှမဟုတ် ကိုးရီးယားဝမ် ဆယ်သန်းပဲပေါ်ရတယ်။ ငါတို့တွေက အွန်လိုင်းမှာ ဗီဒီယိုလေးတင်မိရုံနဲ့ မူးယစ်ဆေးသုံးကားမောင်းသူတွေထက် ပိုဆိုးဆိုးရွားရွား ဆက်ဆံခံနေရတယ်။ ဒီဟာကို ဒီအတိုင်းလွှတ်ထားရင်တော့ ဘာဖြစ်လာမလဲ ဘယ်သူသိမလဲ။ နောက်ထပ်တစ်ဆင့်က ဖျော်ဖြေပွဲပိုစတာတွေ၊ အခွေအဖုံးတွေနဲ့ ပွဲလက်မှတ်တွေကိုတောင် ဆင်ဆာဖြတ်တဲ့အထိဖြစ်လာနိုင်တယ်။

ထိုအင်တာနက်အသုံးပြုသူက ဇူလိုင်လလယ်တွင် ထိုပြစ်ဒဏ်အသစ်အကြောင်း ရှင်းပြသောပွဲတစ်ခုကျင်းပခဲ့သည်ဟု အာဏာပိုင်များကဆိုသော်လည်း ဂီတပညာရှင်အများစုမှာ ထိုပြစ်ဒဏ်အကြောင်း မသိရှိခဲ့ဟုလည်း ဖော်ပြခဲ့သည်။

ရှင်းလင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုပါလား

ထိုဥပဒေအသစ်သည် လူတိုင်းကို ထိခိုက်နို်ငသည်ဟု စိုးရိမ်မှုများအပေါ်တွင် အာဏာပိုင်များက ထိုလုပ်ထုံးလုပ်နည်းအသစ်သည် ”စီးပွားရေးအတွက်မဟုတ်သော တစိဦးချင်း”ကို သက်ရောက်လိမ့်မည်မဟုတ်ဟု ထည့်သွင်းပြောဆိုထားသည်။ သို့ရာတွင် ရုန်းကန်နေရသော ကိုယ်ထူကိုယ်ထ ဂီတအနုပညာရှင်များကမူ ပြောင်းလဲရန် ထောင်းဆိုထားကြသည်။ အဆိုတော်၊ တေးရေးဆရာ လီယွန်ဟွတ်(ခ်)က  ”စီးပွားရေးအတွက်မဟုတ်သော တစိဦးချင်း”ဆိုသည်ကို မည်သို့ပြဌာန်းထားကြောင်းနကို မေးခွန်းထုတ်ခဲ့ပြီး “ဂီတ ဗီဒီယို”အတွက် ရှင်းလင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

적용 대상이 ‘사업자’ 입니다. 일단 여기부터가 좀 애매해 지는게. 홍대 쪽에서 활동하는 아티스트형 음악가들의 경우, 정규 유통과정을 통해 음반을 발매하고 영리활동이 이루어 진다면 사업자로 분류될 수 있다고 합니다[…] 음악가가 ‘사업자'로 분류된다면 그들에 의해 기획/제작된 모든 음악 실연영상 등이 심의 대상이 될 수 있습니다. […]현재 ‘뮤직비디오'에 관한 법률적 정의는 없고 음악영상물(음원의 내용을 표현하기 위해 당해 음원에 영상이 포함되어 제작된 것)이라고 표현되어 있는데, 이는 통상적인 뮤직비디오를 포함하지만, 법 집행을 엄격하게 한다면 아티스트의 자유로운 연주와 퍼포먼스를 담은 영상까지도 포함될 수 있는 여지가 있습니다. 이렇게 되면 정말 곤란해지는게… 홍대씬에서 쏟아져 나오는 공연실황, ucc, 기타 영상물들을 합하면 수가 어마어마 할텐데[…] 유투브의 제제는 어렵지만 업로드한 사업자에 관해서는 제제를 하겠다고 합니다. 벌금 물린단 얘기겠죠? 돈 없어서 잡혀가는 사람도 생기겠군요.

အာဏာပိုင်များက ဤဥပဒေအသစ်ကြောင့် ထိခိုက်မည်မှာ စီးပွားရေးလုပ်ငန်းရှင်များသာဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် ထိုအချက်မှ စတင်၍ သတ်မှတ်ချက်များက ဝေဝါးနေသည်။ ဟွန်ဒေးေဒသသည်လည်း [ထိုဒေသသည် တစ်ကိုယ်ရည်စီးပွားရေး စိတ်ဓာတ်များ၊ လမ်းပေါ်က အနုပညာရှင်များ မွေးဖွားခြင်းနှင့် လမ်းပေါ်တွင် မြေအောက်ဂီတအဖွဲ့များက ဖျော်ဖြေခြင်းတို့အတွက် ကျော်ကြားသော ဒေသဖြစ်သည်။] အခွေတစ်ခွေထုတ်ကာ ငွေကြေးအမြျတ်အချို့ ရလာမည်ဆိုပါက စီးပွားရေးလုပ်ငန်းရှင်အမျိုးအစားတွင် ထည့်သွင်းခံရမည်ဖြစ်သည်။ စီးပါားရေးလုပ်ငန်းရှင်များဟု သတ်မှတ်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် (ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ) ၄င်းတို့ ထုတ်လုပ်သော သို့မဟုတ် ရိုက်ကုးသော တေးဂီတပွဲများ သို့မဟုတ် ဖျော်ဖြေပွဲများမှ သီချင်းတိုင်း၊ ဗီဒီယိုတိုင်းသည် စောင့်ကြည့်ခံရသော အရာများ ဖြစ်လာပေလိမ့်မည်။[…] “တေးဂီတဗီဒီယို” အတွက် တရားဝင် တိကျသော အဓိပ္ပာယ် ဖွင့်ဆိုချက် မရှိသေးပေ။ ကျွန်တော်တို့တွင် ရှိသည်မှာ ဥပဒေက သတ်မှတ်ဖွင့်ဆိုထားသည့် “ဂီတဗီဒီယို”အတွက် “(မူရင်းသီချင်းကို ရည်ညွှန်း၍) ဂီတရင်းမြစ်ကို ဖော်ပြရန်သုံးထားသော ဗီဒီယိုဖိုင်များအပါအဝင် အကြောင်းအရာအချို့” ဆိုသော သတ်မှတ်ချက်သာ ဖြစ်သည်။ ထုံးစံအရ ထိုသတ်မှတ်ချက်မှာ ဂီတဗီဒီယိုများကို ရည်ညွှန်းသော်လည်း ဥပဒေ၏ သက်ရောက်မှုကို တိုးချဲ့လိုက်လျှင် အနုပညာရှင်များ၏ ပေါ့ပေါ့ပါးပါး ဖျော်ဖြေပွဲများနှင့် ထိုဖျော်ဖြေပွဲများပါဝင်သော ဗီဒီယိုများလည်း ပါဝင်လာနိုင်ပေသည်။ ထိုဥပဒေသည် ပြင်းထန်သော ြိမ်းခြောက်မှုကို ဖန်တီးသည်။ အဘယ်ကြောင့်ဆိုသော် ဟွန်ဒေးဒေသရှိ တစ်ကိုယ်ရည် ဂီတဖျော်ဖြေသူများ၏ ဖျော်ဖြေမှုများ၊ UCCဟုခေါ်သော အသုံးပြုသူများ ဖန်တီးသည့် အကြောင်းအရာများနှင့် အခြားဗီဒီယိုဖိုင်အမျိုးအစားများစွာ ရှိနေသောကြောင့် ဖြစ်သည်။  ၄င်းတို့ကိုပါ ထည့်သွင်းလိုက်ပါက မရေမတွက်နိုင်သော ဗီဒီယိုများကို ထိခိုက်မှုက သက်ရောက်လိမ့်မည် ဖြစ်သည်။ […] ယူကျူ့အတွက်မှာမူ ကိုင်ကွယ်ဆောင်ရွက်ရန် အနည်းငယ် ရှုပ်ထွေးသော်လည်း သက်ဆိုင်ရာကဆိုသည်မှာ ဗီဒီယိုတင်သော စီးပွားရေးလုပ်ငန်းရှင်များကို ကိုင်တွယ်ဆောင်ရွက်လိမ့်မည်ဟု ဆိုသည်။ ဆိုလိုသည်မှာ လူအများကို ဗီဒီယိုများ လွှင့်တင်ခြင်းအတွက် ဒဏ်ကြေးသတ်မှတ်လိမ့်ဟူ၍ ဖြစ်သည်။ ထို့အပြင် ဒဏ်ကြေးမပေးနိုင်ပါက ဗီဒီယိုတင်သူများသည် ထောင်ဒဏ် ချမှတ်ခံရဖွယ်လည်း ရှိသည်။

တွစ်တာအသုံးပြုသူ @romantic_ct complains [ko]က ပြသခွင့်ကြေးနှင့်ပတ်သက်၍ ပြောထားသည်မှာ၊

뮤직비디오 사전 등급 분류 심의 제도. 강제성을 띄고 심의를 거치지 않을시, 벌금등의 압박을 표면에 드러내놓고선 심의 수수료를 받네요? 강제로 돈내고 심의를 받으라니. 이거 왠 개적같은 상황입니까. 방송심의 대행하는 곳조차 심의 수수료같은건 없어요.

ဒီဂီတဗီဒီယို ကြိုတင်ပြတာနဲ့ အဆင့်သတ်မှတ်ချက် စနစ်က မလုပ်မဖြစ်လုပ်ရမယ့် ကိစ္စလို့ပြောပြီး အာဏာပိုင်တွေက လူတွေကို ဒဏ်ကြေးတတ်တာမျိုးတွေလုပ်ပြီး ပေါ်တင် ဖိအားပေးနေတယ်၊ ပြီးတော့ ဒီဟာတွေ ပြဖို့အတွက်ကျ ပိုက်ဆံပေးရပြန်ရော။ တစ်ချိန်တည်းမှာ ကိုယ်မလုပ်ခိုင်းထားတဲ့ဟာ လုပ်တာကို ပိုက်ဆံကောက်လို့ ရသလား။ ဒါဘာေ_ာက်ရေးမပါတဲ့ ဟာကြီးတုံး။ ရုပ်သံထုတ်လွှင့်ဖို့ ပြရတဲ့ အေဂျင်စီကတောင် ပြသခွင့်ကြေး မတောင်းဘူး။

တေးဂီတနယ်ပယ်မှာ နစ်နာထိခိုက်ခံရနေပြီ ဖြစ်သည်။ ထိုအသိုင်းအဝိုင်းမှ အထင်ရှားဆုံး အထူးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဝိုင်ဂျီဖျော်ဖြေရေး၏ ဥက္ကဋ္ဌလည်းဖြစ်သူ ယန်ဟယွန် ဆော့(ခ်)က အခွေမထုတ်ဝေမီ သိုမ့မဟုတ် ရုပ်မြင်သံကြားမှ မထုတ်လွှင့်မီတွင် ထွေလာကားတိုများဖြင့် အရောင်းမြှင့်တင်ရာမှစ၍ ထုတ်လုပ်ရေး အစီအစဉ်ကို ထိုစနစ်အသစ်က ထိခိုက်နိုင်ကြောင်း စိုးရိမ်ပူပန်မှုကို ထုတ်ပြခဲ့[ko]သည်။

အချိုကအင်တာနက် အသုံးပြုသူများက နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်သူ ဂျီဒရယ်ဂွန်၏ အခွေအသစ် ထုတ်ဝေမှုကို ဥပဒေအသစ်က ရွှေ့ဆိုင်းလိုက်ခြင်းကို ထုတ်ဖော်ခဲ့[ko]သည်။ လူအများက ကာကွယ်ပေးမည့် အေဂျင်စီမရှိသည့် အင်အားနည်းသော ဂီတပညာရှင်ငယ်များအတွက် မည်သို့ဖြစ်လာနိုင်သည်ကို ပို၍ ပူပန်လာကြသည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.