အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

သတင်းဆောင်းပါးများ အီဂျစ်

အီ​ဂျစ်၊ တွစ်​တာ​စာ​တို​ပို့​နေ​သော သမ္မတ

  7 စက်တင်ဘာ 2012

အီဂျစ်လူမျိုး သမ္မတ မိုဟာမက် မော်စီ ဒီနေ့ညမှာ သူ့ရဲ့ဖွင့်ထားပြီးသား အကောင့်ကနေ တရားဝင်[en] တွစ်တာစာတိုပို့ခြင်းကို စတင်လိုက်ပါတယ်။ လိုက်ကြည့်သူပေါင်း ၁၆၂၀၀၀ရထားပြီးဖြစ်တဲ့ အဲဒီအကောင့်ကို တွစ်တာကလည်း ဒီနေ့ပဲ အကောင့်အစစ်အနေနဲ့ သတ်မှတ်ပေးလိုက်ပါတယ်။ သူရဲ့ပထမဆုံး တွစ်တာစာတို[en]ကတော့၊ ပထမဆုံးတွစ်တာစာတိုကို #jan25 (ဇန်၂၅) တော်လှန်ရေးနဲ့ ရဲရင့်တဲ့ #syrians (ဆီးရီးယားလူမျိုးတွေ)အတွက် အထူးပြုချင်တယ်… မိုဟာမက် #Morsi (မော်စီ) မော်စီက အာရေဗျဘာသာစကားရော အင်္ဂလိပ်စကားပါ နှစ်မျိုးလုံးနဲ့ တွစ်တာစာတိုပို့မယ့်ပုံ ရပါတယ်။