အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

အင်​တာ​နက် လွတ်လပ်​ခွင့် ကြေညာ​စာ​တမ်း

အားလုံးသတိပြုမိကြတဲ့အတိုင်းပဲ ကမ္ဘာကြီးဟာ အင်တာနက်လွတ်လပ်ခွင့်နဲ့ ပတ်သက်လာရင် အရေးပါတဲ့ အချိန်ကို ရောက်နေပါပြီ။ ဘလော့ဂ်ရေးသူတွေက ထုတ်ဖော်ပြောဖို့ စွန့်စားနေရတဲ့အချိန်မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေမှာ အင်တာနက်ကို ဆင်ဆာဖြတ်ဖို့ ဥပဒေအသစ်တွေကို ဖန်တီးနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက အင်တာနက်လွတ်လပ်ခွင့်ကို တိုက်ယူဖို့အတွက် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အဖွဲ့အစည်းတွေက ဘယ်တုန်းကမှနဲ့ မတူတဲ့ ညီညွတ်ခြင်းမျိုးနဲ့ တူ⁠တူလုပ်ခဲ့ကြပါတယ်။ SOPA နဲ့ PIPA ကို အမေရိကန်ပြည်ထောင်စုမှာ ဆန့်ကျင်တာကအစ တုပပစ္စည်း ကုန်သွယ်မှုတိုက်ဖျက်ရေး သဘောတူညီမှု (ACTA) ကို ရပ်တန့်ပစ်လိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ အင်အားစုအထိ၊ ကျွန်တော်ကျွန်မတို့တွေ အင်တာနက်လွတ်လပ်ခွင့်နဲ့ ပွင့်လင်းမြင်သာမှုကို အာရုံဝင်စားခဲ့ကြပါတယ်။

ဒီကိစ္စအတွက်နဲ့ အင်တာနက်လွတ်လပ်ခွင့် ကြေညာစာတမ်းကို ဖန်တီးဖို့ အဖွဲ့အစည်းတော်တော်များ⁠များက လတ်တလောမှာ လှုပ်ရှားခဲ့ကြပါတယ်၊ Global Voices  Advocacyကလည်း ကနဦး လက်မှတ်ထိုးသူတွေမှာ တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဒီနေ့အထိ အဲဒီကြေညာစာတမ်းကို အဖွဲ့အစည်းနဲ့ လုပ်ငန်းပေါင်း ၁၃၀၀ကျော်က လက်မှတ်ရေးထိုးပါဝင်ခဲ့ပြီး ဆက်ပြီးတော့လည်း လက်မှတ်ထိုးနေဆဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကြေညာစာတမ်းကို လက်မှတ်ထိုး ပါဝင်နိုင်ပါတယ်။ ဒီကြေညာစာတမ်းကို အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပူးပေါင်းနိုင်ပါတယ်၊  EFF, Free PressAccess နဲ့ Cheezburger.တောင် အဖွဲ့အစည်းတွေထဲမှာ ပါ⁠ပါတယ်။

အချီး
ကျွန်ုပ်တို့သည် လွတ်လပ်၍ပွင့်လင်းမြင်သာသော အင်တာနက်သည် ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုကို ယူဆောင်လာနိုင်မည်ဟု ယုံကြည်ပါသည်။ အင်တာနက်ကို ဆက်လက်ပြီး လွတ်လပ်၍ ပွင့်လင်းမြင်သာမှု ရှိစေရန် လူမှုအသိုင်းအဝိုင်းများ၊ လုပ်ငန်းနယ်ပယ်များနှင့် နိုင်ငံများကို ဤမူဝါဒများကို နားလည်သိရှိစေရန် တောင်းဆိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ၄င်း အဖွဲ့အစည်းအသိုင်းအဝိုင်းများက ပို၍တီထွင်ဖန်တီးနိုင်စွမ်း၊  ပို၍ဆန်းသစ်ပြောင်းလဲနိုင်စွမ်းနှင့် ပို၍ပွင့်လင်းမြင်သာသော လူမှုပတ်ဝန်းကျင်များကို သယ်ဆောင်လာနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လွတ်လပ်ခွင့်များကို ကာကွယ်ရန်အတွက် အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုတစ်ခုတွင် ပါဝင်ပါမည်၊ ၄င်း တို့သည် တိုက်ခိုက်ဆောင်ယူရန် ထိုက်တန်သည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။

ဤဥပဒေသများကို ဆွေးနွေးကြပါစို့၊ ၄င်းတို့နှင့်ပတ်သက်၍ သဘောတူကြ၊ သို့မဟုတ် သဘောမတူကြပါနှင့်၊ ငြင်းခုန်ပြောဆိုကြပါ၊ ကိုယ်ပိုင်မူဝါဒများ အဖြစ်ပြောင်းလဲကြပါ၊ မိမိတို့ အသိုင်းအဝိုင်းနှင့် ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးကြပါ၊ အင်တာနက်ကသာ ၄င်းတို့ကို အမှန်တကယ်ဖြစ်လာစေရန် လုပ်ဆောင်နိုင်စွမ်းရှိ၍ ဖြစ်ပါသည်။

အင်တာနက်ကို လွတ်လပ်၍ ပွင့်လင်းမြင်သာစွာ ဆက်လက်တည်ရှိစေရန် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်ကြပါ။

ကြေညာချက်
ကျွန်ုပ်တို့သည် လွတ်လပ်၍ ပွင့်လင်းမြင်သာသော အင်တာနက်အတွက် ရပ်တည်ပါသည်။

ကျွန်ုပ်တို့သည် အင်တာနက် ပေါ်လစီကိုဆောင်ရွက်ရာနှင့် အခြေခံမူဝါဒ ငါးချက်ကို တည်ဆောက်ရန်အတွက် ပေါ်လွင်၍ အများပါဝင်နိုင်သော လုပ်ရပ်များကို အားပေးထောက်ခံပါသည်။

ထုတ်ဖော်ခြင်း၊ အင်တာနက်ကို ဆင်ဆာမဖြတ်ရန်

ရယူအသုံးပြုခြင်း၊ လျင်မြန်၍ တတ်နိုင်သော ကွန်ယက်များကို အလုံးစုံရယူအသုံးပြုနိုင်ရေး အသိမြှင့်တင်ကြရန်

ပွင့်လင်းမြင်သာမှု၊ အင်တာနက်ကို လူတိုင်းက လွတ်လပ်စွာ ချိတ်ဆက်နိုင်၊ ဆက်သွယ်နိုင်၊ ရေးနိုင်၊ ဖတ်နိုင်၊ စောင့်ကြည့်နိုင်၊ ပြောဆိုနိုင်၊ နားထောင်နိုင်၊ သင်ယူနိုင်၊ ဖန်တီးနိုင်ပြီး ဆန်းသစ်တီထွင်နိုင်ရေး ပွင့်လင်းသော ကွန်ယက်တစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားရန်

ဆန်းသစ်တီထွင်မှု၊ ခွင့်ပြုချက်မလိုအပ်ဘဲ ဆန်းသစ်တီထွင် ဖန်တီးနိုင်ရေးအတွက် လွတ်လပ်ခွင့်ကို ကာကွယ်ကြရန်၊ နည်းပညာအသစ်များကို မပိတ်ပင်ဘဲ ဆန်းသစ်ဖန်တီးသူများကို ၄င်းတို့၏ အသုံးပြုသူများအနေဖြင့် လုပ်ဆောင်မှုများကို အပြစ်မပေးရန်

တစ်ဦးချင်းလွတ်လပ်ခွင့်၊ တစ်ဦးချင်းလွတ်လပ်ခွင့်ကို ကာကွယ်ပြီး လူတစ်ဦးချင်းစီ၏ ၄င်းတို့၏ အချက်အလက်များနှင့် စက်ပစ္စည်းကိရိယာများကို အသုံးပြုပုံနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်စွမ်းကို ကာကွယ်ရန်

 

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.