ဤအပုဒ်သည် ၂၀၁၂လန်ဒန်အိုလံပစ် [1] အထူးရေးသားခြင်းအနက်မှ တစ်ပုဒ်ဖြစ်သည်။
အိုလံပစ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက်၊ သမိုင်းတွင် ပထဦးဆုံးဖြစ်လာသော ဆော်ဒီအမျိုးသမီး အားကစားသမား ဆာရာ အတ္တာ(Sarah Attar) [2] နဲ့ ဝိုဒန် ရှာခန်နီ(Wojdan Shahrkhani) [3] တို့သည် ဆော်ဒီ၏ တွစ်တာရပ်ဝန်းတွင် တုံ့ပြန်မှုမုန်တိုင်းများနှင့် ကြုံတွေခဲ့ရသည်။
အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် နောက်ဆုံးနေရာမှဖြစ်ခဲ့သော်လည်း ဆာရာ(Sarah) သည် ပရိတ်သတ်၏ အားပေးမှုများစွာကို ရရှိခဲ့ပြီး သူ၏နာမည်သည် တွစ်တာပေါ်တွင် ရေပန်းစားသော အကြောင်းအရာဖြစ်လာသည်။
စိတ်ဓာတ်ခွန်အား
အောက်တွင်ဖော်ပြထားတာသည်မှာ ဆော်ဒီတွစ်တာအသုံးပြုသူတစ်ဦးက အားကစားသမားနှစ်ဦးစလုံးအတွက် ထောက်ခံအားပေးထားသော တွစ်တာစာတိုနမူနာများပင် ဖြစ်သည်။
Ali Khadra writes:
အလီ ခဒရာ ရေးသည်မှာ၊
[5]@aykcanvas [5]၊ အမြဲတမ်းရွှေဆိုတာချည်းမှမဟုတ်ပါဘူး။ မင်းလုပ်ခဲ့တာက ပိုပြီးကြီးကျယ်ပါတယ်။ ကျေးဇူးတင်ပါတယ် #SaraAttar #Wejdan
#Wijdan. ကျေးဇူး #KSA. နောက်ကျတာက #2012Olympics လုံးဝမရောက်တာထက်စာရင် ပိုကောင်းပါတယ်။
ဘဒါ အလ်ဂျီဟာနီက ဂုဏ်ယူစွာပြောသည်မှာ၊
ပြီးနောက် နဒအဘူက ကတိပြုသည်မှာ၊@BooDzJ [6]၊ #SaraAttar ဆော်ဒီအားကစားအဖွဲ့မှာ ပါဝင်တဲ့သူတွေအားလုံးထက်ပိုပြီး မင်းနဲ့ ဝိုဒန် အတွက် ငါတို့ဂုဏ်ယူပါတယ်။
@NadaAbu [8] တစ်နေ့မှာ ငါ့ကို တီဗွီဖန်သားပြင်ပေါ်မှာ အောင်မြင်သူတစ်ယောက်အနေနဲ့ တွေ့ရစေမယ်။ စိတ်ဓာတ်ခွန်အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ #SaraAtta http://twitpic.com/agw7nn [9]
မင်း ငါတို့ကို သိက္ခာချတယ်
အခြားတစ်ဖက်တွင် ဆော်ဒီမှ တွဒ်တာ အသုံးပြုသူအချို့က အားကစားသမား နှစ်ဦးပါဝင်ခဲ့မှုကို ဆန့်ကျင်ခဲ့ကြပြီး အားကစားသများ၏ မိသားစုနှင့် အာဏာပိုင်များကို ဘုရင့်နိုင်ငံတော် အမည်နဲ့ဂုဏ်သိက္ခာကို ကျဆင်းစေရန် ခွင့်ပြုခဲ့သည်ဟုဆိုကာ အပြစ်တင်ခဲ့သည်။
ထိုတွစ်တာအသုံးပြုသူများအနက် တစ်ဦးဖြစ်သူ ဖိုင်ဆယ် အဘူ(သ်)နင် [10][ar]က ရေးသည်မှာ
ဇိန်းဘီသည အားကစားသမားနှစ်ဦးကို hashtag လုပ်ထားခြင်းအးာ သူဖတ်ရှုရသည်နှင့်ပတ်သက်ပြီး တုန်လှုပ်သွားခဲ့ကာ ပြောဆိုထားသည်မှာ၊
@ZainB [11]:مسكينة #وجدان_شهرخاني دخلت الهاشتاق فوجدتها تتعرض لثلاث انواع من العنصرية: ١- العنصرية المناطقية ٢- العنصرية القبلية ٣- العنصرية ضد المرأة
ဒေါက်တာ မိုဟာမက် အလ်ဘာရက်ခ် ဝေဖန်ထားသည်မှာ၊
@mohamdalbarrak [12]:أشد من فعل المنكر أن يدافع الإنسان عنه ويعتبره معروفا ويحاول جاهدا أن يبحث له عن مبررات مثل الذين يدافعون عن #سارة_العطار و #وجدان_شهرخاني
နောက်ဆုံးမှာတော့ နူရာက နှိုင်းနှိုင်းဆဆ ပြောသွားသည်မှာ၊
@noura_aljadaan [13]၊ #SaraAttar ကို လှောင်ရယ်နေတဲ့သူတွေကို မမေ့ဖို့ပြောချင်တာကတော့ ဒီကကျောင်းတွေမှာ မိန်းကလေးတွေကို အားကစားကိုမသင်ကြားပေးတဲ့အတွက် အဲဒီကိုသွားပြိုင်နိုင်တာဟာ အောင်မြင်မှုတစ်ခုဆိုတာပါပဲ
ဤအပုဒ်သည် ၂၀၁၂လန်ဒန်အိုလံပစ် [1] အထူးရေးသားခြင်းအနက်မှ တစ်ပုဒ်ဖြစ်သည်။