အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

မော်​ရို​ကို၊ ကျောင်းသား​များ ပညာ​ရေး​ပြုပြင်​ပြောင်းလဲ​ရန်​အတွက် တောင်း​ဆို

ဇူလိုင်လတွင် မော်ရိုကိုကျောင်းသားတစ်စုသည် “ပညာရေးစနစ်ကို ပြောင်းလဲမည့် မော်ရိုကိုကျောင်းသားသမဂ္ဂ” (ပြင်သစ်စကားဖြင့်အတိုကောက် UECSE) ဟုခေါ်သည့် ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာကို ဖွင့်လှစ်ခဲ့သည်။ ထိုအဖွဲ့သည် “ပညာရေးစနစ်ကို တိုးတက်စေရန် ခိုင်မာသော နည်းလမ်းများကို ဆွေးနွေးဆောင်ရွက်မည့်” မော်ရိုကိုလူငယ်များကို စုစည်းလျက်ရှိသည်။

တစ်လထက် မပိုသော အချိန်အတွင်းတွင်၊ ယင်းဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာသည် အဖွဲ့ဝင်ပေါင်း ၁၀⁠၀၀၀ကျော်ကို စုစည်းနိုင်ခဲ့ပြီး လူမှုကွန်ယက်ပေါ်တွင် အားပေးထောက်ခံမှု အများအပြားကို ရရှိခဲ့သည်။

ထိုလှုပ်ရှားမှုအဟုန်ကို အစိုးရတက္ကသိုလ်များတွင် ကျောင်းလခမူကို အစိုးရက ပိုမိုတင်းကျပ်နိုင်ဖွယ်ရှိသည်ဟူသော သတင်းက အားဖြည့်ပေးလိုက်ပုံရသည်။

ထိုအဖွဲ့က “စနစ်ကို ပြုပြင်ပြောင်းလဲရန်လိုအပ်သည်များကို အမျိုးသားအဆင့် ဆွေးနွေးမှုတစ်ရပ်စတင်ရန် လူမှုအသိုင်းအဝိုင်းများနှင့် မော်ရိုကို အစိုးရလက်ရွေးစင်များကို အားပေးရန်” နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြလှုပ်ရှားမှုတစ်ရပ်ကို ဩဂုတ်လ ၆ရက်၊ ၂၀၁၂ခုနှစ်တွင် တိုက်တွန်း[fr]လိုက်သည်။

ထိုတိုက်တွန်းချက်ကို လူမှုကွန်ယက်များပေါ်တွင် ထပ်ဆင့်ဖြန့်ဝေလျက်ရှိသည်။

ဆန္ဒပြခြင်းမစမီ ယူကျူ့ပေါ်သို့ ယင်းအဖွဲ့မှ တင်ခဲ့သော ဗီဒီယိုတစ်ခုတွင် ကျောင်းသားများက ပညာရေးစနစ်အတွက် သိသာသောပြောင်းလဲမှုများကို တောင်းဆိုထားကြသည်။ “ပညာရေးစနစ်တစ်ခုလုံးက ပြောင်းဖို့လိုနေတာပါ” ဟု ကျောင်းသားတစ်ယောက်က ကင်မရာကိုကြည့်၍ ပြောသည်။ “ဒီစနစ်တစ်ခုလုံးကို အားလုံးပိုင်းချလိုက်ပြီး ဟိုးအစကနေ ပြန်တည်ဆောင်ဖို့လိုတယ်” ဟု အခြားတစ်ယောက်က ဆိုသည်။ ဗီဒီယိုတွင်ပါဝင်ကြသော ကျောင်းသားအများအပြားက ဂုဏ်သိက္ခာရှိ Grandes Ecolesက တင်ပြသည်များတွင် အကျိုးမရှိသော အဟန့်အတားများ၊ အထူးသဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် အလွန်မြင့်မားသော တံခါးခံနေမှု အစရှိသည်တို့ ပါဝင်နေသည်ကို ထောက်ပြရှုံ့ချခဲ့ကြသည်။

ဆန္ဒပြသောနေ့တွင် အင်တာနက်တွင် ဝေမျှထားသော မှတ်တမ်းတင် ဓာတ်ပုံများ၊ ဗီဒီယိုများအရ ရာချီသောကျောင်းသားများနှင့် ၄င်းတို့၏မိဘများက တုံ့ပြန်ခဲ့ကြသည်။

အောက်ဖော်ပြပါ ဗီဒီယိုသည် မော်ရိုကို၏ အကြီးဆုံးမြို့တော်ဖြစ်သော ကက်(စ်)ဘလန်ကာရှိ ဆန္ဒပြမှုမှ ဖြစ်သည်။ (The7Gladiator က တင်ခဲ့ခြင်းဖြစ်သည်။)

ဟာဆန် အောဇန်နီ ဖလစ်ကာတွင် တင်ခဲ့သော ပုံများက လာဘ်စားမှု၊ မျက်နှာလိုက်မှု၊ ညံ့ဖျင်းသော အခြေခံအဆောက်အအုံနှင့် အဆင့်မြင့်ပညာရေးတက်ရောက်ရန် တက္ကသိုလ်ကျောင်းသားများအတွက်ထားရှိသော ခက်ခဲသော အခြေအနေများကို ရှုံ့ချသည့် မတူကွဲပြားသော ဆောင်ပုဒ်များကို ပြသလျက်ရှိသည်။

ပညာရေးစနစ်ပြောင်းလဲမှုအတွက် တောင်းဆိုနေသော မော်ရိုကိုကျောင်းသားများ ၊ဟာဆန် အောဇန်နီ၏ဓာတ်ပုံ၊ ခွင့်ပြုချက်ဖြင့် အသုံးပြုထားသည်။

ပညာရေးစနစ်ပြောင်းလဲမှုအတွက် တောင်းဆိုနေသော မော်ရိုကိုကျောင်းသားများ ၊ဟာဆန် အောဇန်နီ၏ဓာတ်ပုံ၊ ခွင့်ပြုချက်ဖြင့် အသုံးပြုထားသည်။

ပညာရေးစနစ်ပြောင်းလဲမှုအတွက် တောင်းဆိုနေသော မော်ရိုကိုကျောင်းသားများ ၊ဟာဆန် အောဇန်နီ၏ဓာတ်ပုံ၊ ခွင့်ပြုချက်ဖြင့် အသုံးပြုထားသည်။

ဆန္ဒပြမှုသည် ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် ပိုမို၍ ဆွေးနွေးပြောဆိုမှုများနှင့် စားပွဲဝိုင်းတွေ့ဆုံမှုများ ပြုလုပ်သွားရန် ကတိကဝတ်ပြုခဲ့ကြသည်။

တမ်ဘလာတွင်လည်း UECSE ကရေးသားခဲ့သည်မှာ၊

လူငယ်ကျောင်းသားတွေက ပညာရေးစနစ်ကောင်းတစ်ခုကို တောင်းဆိုနေကြတာ၊ သူတို့တွေက မော်ရိုကိုကျောင်းသားတွေ၊ သူတို့အနာဂတ်ကို ပြောင်းလဲပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်နေကြတယ်၊ ရည်မှန်းချက်ကြီးတဲ့ လှိုင်းတစ်လုံးကတော့ တက်လာနေပြီ

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.