အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

သတင်းဆောင်းပါးများ လိင်တူချစ်သူ နှင့် LGBT အခွင့်အရေး

၂၀၁၅ ခုနှစ်သည် လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ထွေပြားစုံလင်မှုအတွက် အောင်ပွဲခံသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်

The Bridge  13 ဇန်နဝါရီ 2016

တန်းတူ လက်ထပ်ခွင့်သည် ၂၀၁၅ တွင် အိုင်ယာလန်၊ ချီလီ၊ ကိုလန်ဘီယာ နှင့် အမေရိကန်ပြည်ထောင်စု တို့တွင် အောင်မြင်မှုများရရှိခဲ့သော်လည်း လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ထွေပြားစုံလင်မှု နယ်တစ်ဝန်းတစ်လျားရှိ အချို့အတွက်တော့မူ တန်းတူ အခွင့်အရေးများအတွက် ဆက်လက်တိုက်ပွဲဝင်နေရစဲဖြစ်သည်။

မော်(လ်)ဒိုက်(ဗ်)မှ လိင်​တူ​ချစ်​သူ နိုင်ငံ​ရေး​ခိုလှုံ​ခွင့် လျှောက်ထား​ခဲ့​သူ​သည် ပြန်​အလာ​တွင် ဖမ်းဆီး​ချုပ်​နှောင်​ခံ​ခဲ့​ရ​ခြင်း

  12 ဇွန် 2014

ရှရီးယားဥပဒေအရ လိင်တူချင်း ချစ်ကြိုက်ခြင်း၊ ပေါင်းသင်းနေထိုင်ခြင်း သို့မဟုတ် လက်မထပ်ဘဲ အတူနေခြင်းအားလုံးသည် မော်(လ်)ဒိုက်(ဗ်)တွင် တရားမဝင်ပေ။ လိင်တူချစ်သူများအား ဖမ်းဆီးဖိနှိပ်သည့် အမှုများလည်း များစွာရှိခဲ့သည်။ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် မူအက်(ဇ်)က ဘာသာရေးအရဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အရဖြစ်စေ နိုင်ငံရပ်ခြားတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မော်(လ်)ဒိုက်(ဗ်)လူမျိုးများသည် ပြန်လာခဲ့လျှင် ဖမ်းဆီးဖိနှပ်ခြင်း ခံရမည်မှာ သေချာကြောင်းကို လတ်တလော ပြောဆိုထားသည်။ ထိုမှတ်ချက်သည် နယူးဇီလန်နိုင်ငံရှိ နိုင်ငံရေးခိုလှုံခွင့်ရသူ လိင်တူချစ်သူ မော်(လ်)ဒိုက်(ဗ်)လူမျိုးတစ်ဦးဖြစ်သည့် အီဘရာဟင် နိမ်းက ဆုရမိန်းမလျာဖြစ်လာပြီးနောက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ မော်(လ်)ဒိုက်(ဗ်)ရှိ တကာဥပါ ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်သည့် ဟီလတ်(သ်)သည် ၄င်း၏ လိင်တိမ်းညွတ်မှုအား ပွင့်လင်းစွာပြောဆိုခြင်းကြောင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် သီရိလင်္ကာတွင် တိမ်းရှောင် နေထိုင်လျက်ရှိသည်။...

တာ​ဂျစ်​ကစ္စ​တန်​ရှိ လိင်​တူ​ချစ်​သူ​များ​အတွက် “အသေးစား အောင်မြင်​မှု” ဖြစ်သော မင်္ဂလာဆောင်

တာ​ဂျစ်​ကစ္စ​တန်​မှာ ပထမ​ဆုံး ကိန်း​ကြီး​ခန်း​ကြီး​မ​နိုင်​တဲ့ လိင်​တူ​ချစ်​သူ​လက်ထပ်​ပွဲ​တစ်​ခု​ကို ကျင်းပ​ခဲ့​ပါ​တယ်။ တာ​ဂျစ်​လူ​မျိုး တော်တော်​များ⁠များ​ကတော့ အဲ​ဒီ​လက်ထပ်​ပွဲ​က "အနောက်​နိုင်ငံ​တွေ​ရဲ့ ဝါဒ​ဖြန့်​ခြင်း"လို့ ယူဆ​ပြီး မ​ကျေနပ်​ကြ​ပါ​ဘူး။

ကမ္ဘောဒီးယား၊ အယ်(လ်)ဂျီ​ဘီ​တီ အခွင့်အရေး မြှင့်​တင်​ခြင်း

  28 ဩဂုတ် 2012

နေဟိ(ခ်) ခွန် လိင်တူဆက်ဆံမှု အခွင့်အရေးကို မြှင့်တင်ပေးဖို့ ကမ္ဘောဒီးယားက အဖွဲ့တချို့ရဲ့ အားထုတ်မှုကို ရေးသားခဲ့ပါတယ်။

ယူဂန်ဒါ၊ အမည်မသိအဖွဲ့မှ လိင်တူချစ်သူအခွင့်အရေးကို ထောက်ခံအားပေး၊ အစိုးရဝက်(ဘ်)ဆိုက်များကို တိုက်ခိုက်

"လိ်င်တူဆက်ဆံသူတွေကို ကူညီချင်လို့ဆိုပြီး အစိုးရ ၀က်ဘ်ဆိုဒ်ကို ခိုးဖောက်၀င်ရောက်တယ်လား။ ဘယ်သူက အဲဒီလိုလုပ်တာလဲ ။ အခုလို ပြင်းထန်တဲ့ထိရောက်မှုတွေ ဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို ရပ်ကိုရပ်သင့်ပြီလို့ ထင်ပါတယ်။" ယူဂန်ဒါ မိန်းမလျာအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောတာပ။